ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ ကြီးကြပ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီ (၁/၂ဝ၂၂) ညှိနှိုင်းစည်းဝေး

 

နေပြည်တော်  စက်တင်ဘာ  ၂၉ 


ကုလသမဂ္ဂ  အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော  နိုင်ငံတကာ အဖွဲ့အစည်းများ   ကြီးကြပ်စောင့် ရှောက်ရေး   လုပ်ငန်းကော်မတီ  (၁/၂ဝ၂၂)    ညှိနှိုင်းအစည်းအဝေး ကို    ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပ သည်။

 


အစည်းအဝေးတွင်        ကုလ သမဂ္ဂအဖွဲ့အစည်းများနှင့်  အစိုးရ မဟုတ်သော     နိုင်ငံတကာအဖွဲ့ အစည်းများ  ကြီးကြပ်စောင့်ရှောက် ရေး    လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ     ပူးပေါင်း ဆောင်ရွက်ရေး        ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က ဦးဆောင်၍   လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊     သက်ဆိုင်ရာဌာန များနှင့်      တိုင်းဒေသကြီးနှင့် ပြည်နယ်       အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ   တက်ရောက် ကြသည်။ 

 


အစည်းအဝေးတွင်  လုပ်ငန်း ကော်မတီ၏     လုပ်ငန်းတာဝန် များကို     အရှိန်အဟုန်မပျက် ဆက်လက်    အကောင်အထည် ဖော်ရေး၊ ကုလသမဂ္ဂအဖွဲ့အစည်း များနှင့်      အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့်   လုပ်ငန်းများ    ပူးပေါင်းဆောင်ရွက် ရာတွင်      အဆင်ပြေချောမွေ့ စေရေးဆိုင်ရာ       ကိစ္စရပ်များ ဆွေးနွေး၍ အမြင်ချင်းဖလှယ်ခဲ့ကြ သည်။         

သတင်းစဉ်