ကုလသမဂ္ဂ သမုဒ္ဒရာ ညီလာခံအပြီး လစ်စဘွန်းကြေညာချက်ကို အတည်ပြုထုတ်ပြန်

သမုဒ္ဒရာ    ၏အရေးပေါ်အခြေအနေအား ဖြေရှင်းရန်အတွက် သိပ္ပံ 
    အခြေခံနှင့် ဆန်းသစ်သောလုပ်ဆောင်ချက်များကို မြှင့်တင်ဆောင်ရွက်ရန် အချက်များပါဝင်သည့် “လစ်စဘွန်းကြေညာချက်” ကို  အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့သည့် ကုလ သမဂ္ဂသမုဒ္ဒရာညီလာခံ ၂၀၂၂ အပြီး ဇူလိုင် ၁ ရက်တွင် အတည်ပြုကြောင်း ကြေညာခဲ့သည်။ 
ကုလသမဂ္ဂသမုဒ္ဒရာဆိုင်ရာညီလာခံကို ပေါ်တူဂီနိုင်ငံ လစ်စဘွန်း မြို့တွင် ဇွန် ၂၇ ရက်မှ ဇူလိုင် ၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၅၀ ကျော်တက်ရောက်ခဲ့သည်။ 
ယခုထုတ်ပြန်လိုက်သည့်   “လစ်စဘွန်းကြေညာချက်”   တွင် အထူးသဖြင့် နိုင်ငံတကာ ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍမှ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု  လျှော့ချရေးအတွက်   အချက်အလက်များ စုဆောင်းခြင်း၊ ဆန်းသစ်တီထွင်မှုနှင့် အလေ့အကျင့်ကောင်းများကို မျှဝေရာတွင် ဌာနေတိုင်းရင်းသား များ၏ အခန်းကဏ္ဍကို အသိအမှတ် ပြုမြှင့်တင်ခြင်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှု တိုးမြှင့်ရေး စသည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများက သဘောတူခဲ့ကြသည်။
ထို့ပြင် ရေရှည်တည်တံ့သော သမုဒ္ဒရာအခြေပြု စီးပွားရေးအကျိုး အမြတ်များရရှိရန် ဆန်းသစ်သော ဘဏ္ဍာရေးဆိုင်ရာ ဖြေရှင်းရေးနည်း များကို မြှင့်တင်ရန်၊ ပင်လယ်သမုဒ္ဒရာအခြေပြု စီးပွားရေးလုပ်ငန်း များတွင် အမျိုးသမီးများနှင့် လူနည်းစုများ၏ ပါဝင်မှုကို  အားပေး မြှင့်တင်ရန် သဘောတူညီချက်များ လည်း ပါဝင်သည်။ ဥရောပရင်းနှီး မြှုပ်နှံမှုဘဏ်ကလည်း ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှု၊ ရေစီမံခန့်ခွဲမှုနှင့် အမှိုက်စွန့်ပစ်မှု ပိုမိုကောင်းမွန်လာစေရန် သန့်ရှင်းသောသမုဒ္ဒရာ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကာရေဘီယံဒေသတစ်လျှောက် နောက်ထပ် ယူရိုသန်း ၁၅၀ ထပ်မံတိုးချဲ့ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ကိုးကား    -    UN Ocean Conference closes with 
        adoption of Lisbon Declaration