ကွတ်ခိုင်မြို့နယ်၌ ဖမ်းဆီးရမိသည့် သက်သေခံဓာတုပစ္စည်းများ ဖျက်ဆီး

 

ကွတ်ခိုင်   နိုဝင်ဘာ   ၂၉


ရှမ်းပြည်နယ်‌     (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင်  ယနေ့နံနက်  ၁၀  နာရီက     ရပ်ကွက်   (၁) ကွတ်ခိုင်-မူဆယ်သွား       ပြည် ထောင်စုလမ်းမကြီး ဘယ်ဘက် ၂  ဖာလုံခန့်အကွာ အမှိုက်စွန့်ပစ် သည့် နေရာဟောင်းတွင် ဖမ်းဆီး ရမိသည့် သက်သေခံဓာတုပစ္စည်း များ ဖျက်ဆီးခြင်း အခမ်းအနား ပြုလုပ်သည်။

 


အခမ်းအနားသို့ ကွတ်ခိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့       ဥက္ကဋ္ဌ  ဦးမောင်မောင်နှင့်အဖွဲ့၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့          ဥက္ကဋ္ဌ   ဦးမျိုးညွန့်နှင့်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ (ကွတ်ခိုင်)  မှ   ခေတ္တခရိုင်ရဲမှူး ရဲမှူး တင်နိုင်မိုးနှင့် အဖွဲ့ဝင်များ    တက်‌ရောက်ကြသည်။ 

 


အခမ်းအနားတွင်  ကွတ်ခိုင် ခရိုင် ရဲတပ်ဖွဲ့ ခေတ္တခရိုင် ရဲတပ် ဖွဲ့မှူး ရဲမှူး  တင်နိုင်မိုး  က မူးယစ် ဆေးဝါးများ       ပြုလုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ   စုစုပေါင်းတန်ဖိုးငွေ ၃၇၇၁၇၂၀၁၅ ကျပ်ရှိသည့် ဓာတုပစ္စည်းများကို     မီးရှို့   ဖျက်ဆီးမည်ဖြစ်ကြောင်း၊     ယင်း          ဓာတုဆေးဝါးများကို       မက်သာဖက်တမင်း     ခေါ်သည့် စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊   K  နှင့်    ခေါင်းခါဆေး အက်တက်စီ၊     ဘိန်းဖြူများကို ထုတ်လုပ်ရာတွင်           အဓိက  ဓာတ်ပြုပေါင်းစပ်ပါဝင် သော ဓာတုပစ္စည်များဖြစ်ကြောင်း ပြောကြားသည်။

 


ယင်းနောက်     ခရိုင်အုပ်ချုပ် ရေးမှူး၊     မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် အခမ်းနားသို့ တက်ရောက် လာကြသော သက်ဆိုင်ရာ တာဝန် ရှိသူများက          ဖျက်ဆီးမည့် သက်သေခံ ဓာတုပစ္စည်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖျက်ဆီး ခြင်းတို့ကို   ပြုလုပ်ကြောင်း သိရ သည်။


ချယ်ရီမြေ(ကွတ်ခိုင်)