ကသာမြို့ ကျန်တော(ပြည်သာယာ)တံတား ပြုပြင်ထိန်းသိမ်း ပြင်ဆင်နိုင်ခဲ့ပြီး ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီ

 

ကသာ အောက်တိုဘာ ၃၀ 


စစ်ကိုင်းတိုင်းဒေသကြီး    ကသာမြို့   ကျန်တော (ပြည်သာယာ)တံတားကို      ပြုပြင် ထိန်းသိမ်း ပြင်ဆင်နိုင်ခဲ့ပြီးဖြစ်၍ တံတားသို့  တာဝန်ရှိသူများမှ လာရောက်စစ်ဆေးကာ အောက်တိုဘာ၂၉ရက် နံနက် ၉ နာရီက  ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

 


တံတားအရှည်ပေ ၂၁၀ ရှိ ယခုမြို့ပတ်  သစ်သားတံတားကို      ယိုယွင်းလာသည့် အခါတိုင်း  ကသာမြို့ရှိ  ပဆငကျေးလက်(လမ်း)  အထွေထွေအုပ်ချုပ်ရေး  နတလ စည်ပင်ဌာနပေါင်းစုံပူးပေါင်း ပြင်ဆင်ပြုပြင်ပေးပြီး    ယခုတစ်ကြိမ် နှစ်ပိုင်းခွဲ၍   ပြုပြင် ပြင်ဆင်  ထိန်းသိမ်းလာခဲ့ကာ လက်ရန်းတန်းများကိုလည်း ဆေးအဖြူသုတ်၍ ခိုင်ခံ့ လှပစွာပြင်ဆင်ရေးကို ကော်မတီများက ဆောင်ရွက်ပေးကြသည်။

 


တံတားကြီး၏   ခံနိုင်ဝန်အားမှာ  ယာဉ်အပါအဝင်  ရှစ်တန်သာ   ခံနိုင်ရည်ရှိသဖြင့်   တန်ပိုယာဉ်ကြီးများကို  လမ်းလွှဲမှသာ   မောင်းနှင်ပေးကြပါရန် မေတ္တာရပ်ခံသည့် အသိပေးဆိုင်းဘုတ်  (ဗီနိုင်း)ကို တံတားတစ်ဖက်တစ်ချက်၌  တပ်ဆင်ပေးထားခဲ့ကြောင်း သိရသည်။      

 

ခင်မောင်ဆွေ (မော်လူး)