
ဘားအံ စက်တင်ဘာ ၁၇
၂၀၂၂ ခုနှစ် ကရင်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၆ နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်း အနားကို စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ကော့ကရိတ်မြို့နယ် ဘောလုံး အသင်းနှင့် လှိုင်းဘွဲမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘောလုံး အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးကြပြီး အဆိုပါ ပွဲစဉ်တွင် ကော့ကရိတ်မြို့နယ် ဘောလုံးအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီး မြှင့်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ဆုရရှိသူများကို တာဝန်ရှိသူများက ချီးမြှင့်ပေးပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က တတိယဆုရ ဘားအံမြို့နယ် ဘောလုံးအသင်း အား ငွေသားဆုနှင့်ဆုဖလားတို့ကို လည်းကောင်း၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ဒုတိယဆုရ လှိုင်းဘွဲမြို့နယ် ဘောလုံးအသင်း အား ငွေသားဆုနှင့် ဆုဖလား တို့ကိုလည်းကောင်း ချီးမြှင့် ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် က အနိုင်ရဗိုလ်စွဲသွားသော ကော့ကရိတ်မြို့နယ် ဘောလုံး အသင်းအား ငွေသားဆုနှင့် ပထမတံခွန်စိုက် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)