ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာ ထောက်ပံ့ သက်ကြီးအဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

 

ဘားအံ  ဖေဖော်ဝါရီ   ၂၄


ကရင်ပြည်နယ်အစိုးရအဖွဲ့က    ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ၊ ပဲ ၊ ရိက္ခာ၊   အဝတ်အထည်၊   သန့်စင်ခန်းသုံးပစ္စည်း၊ လေဘေးဒဏ်ကြိုတင်ပြင်ဆင် ရန်   အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့်  လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို  ဖေဖော်ဝါရီ ၂၄ ရက်က မြိုင်ကြီးငူ  အေးလင်းသာယာကျောက်စာ ကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်အမှာစကားပြောကြားသည်။ 

 


ဆက်လက်၍   ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် ၎င်းတို့၏ဇနီးများ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဗဟိုအကြံပေးအဖွဲ့      ဒုတိယဗိုလ်မှူးကြီး စောကျော်ထူးတို့က  ဖာပွန်မြို့နယ်မှ  ယာယီနေရပ် စွန့်ခွာအိမ်ထောင်စု ၇၅၀၊ လူဦးရေ ၃၂၃၃ ဦး၊ မြိုင်ကြီး ငူအထူးဒေသရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု ၄၃၂ စု၊ လူဦးရေ ၂၀၈၉ ဦးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့သော ငွေကျပ် ၈၈၂၅၉၀၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ ၊ အဝတ်အထည်များ၊ ကရင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ငွေကျပ်သုံးသိန်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ငွေကျပ် သုံးသိန်း၊    ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက  လေပြင်းဒဏ်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းအတွက် ထောက်ပံ့ငွေကျပ် ၉၇၀၀၀၀၀၊ လူမှုဝန်ထမ်းဦးစီးဌာန က မြိုင်ကြီးငူအထူးဒေသအတွင်းရှိ အသက်(၈၅)နှစ် နှင့် အထက် အဘိုး ၁၆ ဦး၊ အဘွား  ၃၄  ဦး စုစုပေါင်း ၅၀  အတွက်     လူမှုရေးပင်စင်ထောက်ပံ့ငွေ ကျပ် ၁၅၀၀၀၀၀ တို့ကို   ထောက်ပံ့ပေးအပ်သည်။ 

 


ပြည်နယ်ဝန်ကြီးချုပ်နှင့်   အဖွဲ့သည်   မြိုင်ကြီးငူ အထူးဒေသနန်းဦးဘေးမဲတောရကျောင်းတိုက်ဦးစီး ပဓာနနာယက   ဆရာတော်   ဘဒ္ဒန္တဉာဏိကအား   သွားရောက်ဖူးမြော်ကြည်ညိုကြပြီး   ထီးဖိုးကလုံး-မြိုင်ကြီးငူ-မဲသဝေါလမ်းပိုင်း   ကတ္တရာလမ်းသစ် ခင်းခြင်းနှင့်       ပြုပြင်ထိန်းသိမ်းစရိတ်       ငွေကျပ် ၈၅၈၁၀၀၀၀၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

 


ထို့ပြင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွား များကို လူမှုရေးပင်စင်  တစ်လလျှင်   တစ်သောင်းနှုန်း ဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃    ဘဏ္ဍာနှစ်   တတိယသုံးလပတ်အတွက် ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌   ကျင်းပ ရာ  ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အမှာစကား ပြောကြားပြီး လှိုင်းဘွဲမြို့နယ်ရှိ အသက်(၈၅)နှစ်နှင့် အထက် အဘိုး ၄၁၆ ဦး၊ အဘွား ၆၃၆ ဦး စုစုပေါင်း ၁၀၅၂ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ်  ၃၁၅၆၀၀၀၀  ကို လှိုင်းဘွဲမြို့နယ်  အုပ်ချုပ်ရေးမှူးထံ    ပေးအပ်ကာ  ပြည်နယ်ဝန်ကြီးချုပ်၊   ပြည်နယ် အမျိုး သမီးရေးရာ အဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး  ဒေါ်နန်းဘေဘီမြင့်နှင့်အဖွဲ့၊     ပြည်နယ်အစိုးရအဖွဲ့ ဝင်များက အဘိုးအဘွားများအား  ထောက်ပံ့ငွေနှင့်   အသုံးအဆောင်ပစ္စည်းများ  ပေးအပ်ပြီး  အခမ်းအနား သို့ တက်ရောက်နိုင်ခြင်းမရှိသော    အဘိုးအဘွားများ အား     တာဝန်ရှိသူများက   အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)