ကရင်ပြည်နယ်ဝန်ကြီးချုပ် လှိုင်းဘွဲမြို့နယ်နှင့် ဘားအံမြို့နယ်ရှိ ရေကစားမဏ္ဍပ်များ ကြည့်ရှုအားပေးပြီး အတူတကွအတာရေသဘင်ပွဲဆင်နွှဲ

 

ဘားအံ   ဧပြီ     ၁၆
 မြန်မာ့ရိုးရာ မဟာအတာသင်္ကြန် အတက်နေ့ဖြစ်သည့် ယနေ့နံနက် ပိုင်းတွင်  ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးသည် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လှိုင်းဘွဲ မြို့နယ်နှင့် ဘားအံမြို့နယ်အတွင်း  ရှိ ရေကစားမဏ္ဍပ်များ၌ သင်္ကြန် ချစ်သူ            ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အေးချမ်းပျော်ရွှင်စွာရေကစားနေမှုများကို  ကြည့်ရှု အားပေးပြီး    အတာရေသဘင်ပွဲ ကို   အတူတကွပါဝင်ဆင်နွှဲသည်။
ဦးစွာ     ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့ မြန်မာ့ ရိုးရာနှစ်သစ်ကူး   အတာသင်္ကြန် ဗဟိုမဏ္ဍပ်သို့ ရောက်ရှိပြီး ယိမ်း အကလှပျိုဖြူများ၏   သီဆိုကပြ ဖျော်ဖြေမှုများ၊   တစ်ပင်တိုင်အက အလှများ၊  စင်တင်တေးဂီတများ ဖြင့်    သီဆိုဧည့်ခံဖျော်ဖြေမှုများ အား ကြည့်ရှုအားပေးကာ အတာ ရေများပက်ဖျန်းပေး၍    ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်           လှိုင်းဘွဲ တပ်နယ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်မဏ္ဍပ်နှင့် ဘားအံမြို့နယ် နောင်လုံကျေးရွာ ပိတောက်ဖူးငုံ ရွှေနောင်လုံ   ရေကစားမဏ္ဍပ်သို့ သွားရောက်ပြီး သင်္ကြန်ယိမ်းအက  အဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှု များကို     ကြည့်ရှုအားပေးကြပြီး  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် သည်။
ဆက်လက်၍      ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ မြို့နယ်   ဇွဲကပင်အနောက်ခြမ်း ဒုံရင်းတိုက်နယ် ပျော်ရွှင်ငြိမ်းချမ်း ဒုံရင်းပန်း          ရေကစားမဏ္ဍပ်သို့ ရောက်ရှိပြီး    သင်္ကြန်ယိမ်းအက အဖွဲ့များ၏  သီဆိုကပြဖျော်ဖြေမှု များအား   ကြည့်ရှုအားပေးကာ သင်္ကြန်ရေများပက်ဖျန်း၍ ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ 
အလားတူ  ကရင်ပြည်နယ် အစိုးရအဖွဲ့က            ကြီးမှူးကျင်းပ ပြုလုပ်သော မဟာအတာသင်္ကြန် ပွဲတော်အထိမ်းအမှတ်      မြန်မာ့ ရိုးရာ လက်ဝှေ့ပြိုင်ပွဲအား ဧပြီ  ၁၄  ရက်မှ ၁၆ ရက်အထိ ဘားအံမြို့ ပဒုံမာလမ်းရှိ မိုးလုံလေလုံ အားက  စားခန်းမ၌     ကျင်းပလျက်ရှိရာ ပြည်နယ်        ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် အထူးရိုးရာကြားပွဲများနှင့် နှစ်သိန်းရိုးရာအောင်လံ၊ သုံးသိန်း ရိုးရာအောင်လံနှင့် လေးသိန်းရိုးရာ  အောင်လံ         ဗိုလ်လုပွဲစဉ်များကို ကြည့်ရှုအားပေးကြပြီး  ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်၍ ရိုးရာ အောင်လံ      အနိုင်ရရှိသူများအား ဆုများ     ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)