
ဘားအံ မေ ၄
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် အကြမ်း ဖက်သောင်းကျန်းသူများသည် ရပ်ကွက်၊ ကျေးရွာ များအတွင်း အဓမ္မဝင်ရောက်နေထိုင်ပြီး အကြမ်းဖက် လုပ်ငန်းများနှင့် တိုက်ပွဲဖော်ဆောင်မှုကြောင့် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာ မြို့နယ်၊ ကျေးရွာများ ရှိ ဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အအုံ များသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ မေ ၄ ရက် နံနက် ၉ နာရီခွဲခန့်က လွန်းညဘေးမဲ့တိုက်ကျောင်း ဓမ္မာရုံ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ယာယီပြောင်းရွှေ့နေထိုင်သူများအတွက် ဆန်ရိက္ခာ ထောက်ပံ့ခြင်းအခမ်းအနားကို ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီပြောင်းရွှေ့ အိမ်ထောင်စုပေါင်း ၇၇၁၁ စု၊ လူဦးရေ ၃၀၆၄၀ အား နေထိုင်စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီ အစရှိသော စားသောက်ကုန်ပစ္စည်းများ အကြိမ် ကြိမ် ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ အလားတူ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေး ဦးစီးဌာနနှင့် နှီးနွှယ်ဌာနများ၊ လူမှုရေးအသင်း အဖွဲ့များလည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း၊ ယခုအခါ နယ်မြေတည်ငြိမ်မှု အားကောင်းလာပြီဖြစ်သည့်အတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတစ်ဖွဲ့တည်းမှ ဆောင်ရွက်၍မရဘဲ ဒေသခံ များကိုယ်တိုင် ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်နိုင်ရေး ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက အိန္ဒု၊ ခရားအတွင်း၊ ကော့ကဒါ၊ လွန်း ည၊ ကော့စိန်ဘန်အောက်၊ ဇာသပြင်အရှေ့၊ နောင်လုံ အရှေ့ကျေးရွာအုပ်စုတို့တွင် ယာယီပြောင်းရွှေ့ နေထိုင်သူ အိမ်ထောင်စု ၃၄၈ စု၊ လူဦးရေ ၁၄၈၄ ဦး အတွက် စုစုပေါင်းဆန်အိတ် ၁၀၄၃ အိတ်ကို ထောက်ပံ့ပေးအပ်ရာ ယာယီပြောင်းရွှေ့နေထိုင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယာယီပြောင်းရွှေ့နေထိုင်သူများ စားဝတ်နေရေး ကိစ္စရပ်များအဆင်ပြေစေရန် ကရင်ပြည်နယ်အစိုးရ အဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက် က အိမ်ထောင်စုတစ်စုလျှင် ဆန်ရှစ်ပြည်၊ ဆီတစ်လီတာ၊ ခေါက်ဆွဲခြောက်ဆယ်ထုပ်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု ၅၉၂၈ စု၊ လူဦးရေ ၂၃၆၂၄ ဦး တို့အား ဆန် ၁၉၇၆ အိတ်၊ ဆီ ၅၉၂၈ လီတာ၊ ခေါက်ဆွဲခြောက် ၇၆၂ ဖာကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ဧပြီ ၁၁ ရက်မှ ၂၃ ရက်အထိ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသသို့ ယာယီပြောင်းရွှေ့ နေထိုင် သော အိမ်ထောင်စု ၁၅၃၉ စု၊ လူဦးရေ ၆၈၅၇ ဦး တို့အား တစ်ဦးလျှင် ဆန်နှစ်ဘူးနှုန်းဖြင့် သုံးလစာ အတွက် စုစုပေါင်းဆန် ၆၄၂၈ အိတ်ကိုလည်းကောင်း၊ ဧပြီ ၂၅ ရက်နေ့တွင် ဘားအံမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၂၂၃ စု၊ လူဦးရေ ၈၆၈ ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့သည့် ဆန်အိတ် ၆၀၉ အိတ်ကို လည်းကောင်း၊ မေ ၃ ရက်တွင် ယာယီပြောင်းရွှေ့ နေထိုင်သူ အိမ်ထောင်စု ၁၃၉၅ စု၊ လူဦးရေ ၅၄၉၄ ဦး အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ဆန် ၃၈၆၂ အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်၊ တိုင်းရင်းသား ရေးရာဝန်ကြီးဦးစန်းကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် မေ ၄ ရက် နံနက်ပိုင်းက သာမည ကျေးရွာ ပအိုဝ်းနှစ်သစ်ကူးကွင်းဓမ္မာရုံ၌ ယာယီ ပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု ၉၃၃ စု၊ လူဦးရေ ၃၆၆၃ ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ဆန် ရိက္ခာ ၂၅၇၅ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)