ကရင်ပြည်နယ် သူနာပြု-သားဖွားဒီပလိုမာသင်တန်းသူများအား ဦးဆောင်းနှင့်ဂျူတီကုတ်အပ်နှင်း

 

ဘားအံ   ဇွန်   ၁၂


၂၀၂၂ ခုနှစ်    (၄၈)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်   ပြည်နယ် လက်ဝှေ့ပြိုင်ပွဲတွင် ဆုရအားကစား သမားများနှင့် နည်းပြ၊ အုပ်ချုပ်သူ များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂ ခုနှစ်   တိုင်းဒေသကြီးနှင့် ပြည်နယ် ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်   ကရင် ပြည်နယ် ဘော်လီဘောအသင်း အား အောင်နိုင်ရေးအလံပေးအပ် သည့်အခမ်းအနားကို ဇွန် ၁၀ ရက်  က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌   ကျင်းပသည်။

 


အခမ်းအနားတွင်   ပြည်နယ် ဝန်ကြီးချုပ်     ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး မေ ၃၀ ရက်မှ ဇွန် ၆ ရက်အထိ နေပြည် တော်တွင်ကျင်းပခဲ့သော (၄၈)ကြိမ် မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ်လက်ဝှေ့ပြိုင်ပွဲတွင်    ငွေ တံဆိပ်   ငါးဆု၊   ကြေးတံဆိပ်  သုံးဆုရရှိခဲ့သော   ကရင်ပြည်နယ် လက်ဝှေ့အသင်းနည်းပြ၊ အုပ်ချုပ် သူများ၊  အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ် တရားလွှတ်တော်  တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 


ထို့နောက်   တောင်ကြီးမြို့တွင် ဇွန် ၁၇ ရက် မှ ၃၀  ရက်အထိ   ကျင်းပမည့်   တိုင်းဒေသကြီးနှင့်    ပြည်နယ် ဘော်လီဘောပြိုင်ပွဲသို့   သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ် အမျိုးသား/အမျိုးသမီး ဘော်လီ ဘောအသင်းအား    ပြည်နယ် ဝန်ကြီးချုပ်က   အောင်နိုင်ရေး အလံပေးအပ်ပြီး ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်   ဘော်လီဘော အားကစားဆပ်ကော်မတီမှ တာဝန် ရှိသူများက   ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ကာ   ပြည်နယ် ဝန်ကြီးချုပ်က အားကစားသမား များအား  ရင်းရင်းနှီးနှီး    တွေ့ဆုံ နှုတ်ဆက်   အားပေးစကားများ   ပြောကြားသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က  သူနာပြုသင်တန်းကျောင်း (ဘားအံ) ကျောင်းအုပ်ကြီး၊   စီမံ ခန့်ခွဲရေးအဖွဲ့၊ ပညာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက    ပထမနှစ် သူနာပြု - သားဖွား   ဒီပလိုမာ သင်တန်းသား သင်တန်းသူများ အား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ကြသည်။

 


ဘားအံသူနာပြု   သင်တန်း ကျောင်းကို ၁၉၉၃ ခုနှစ်တွင်စတင် ဖွင့်လှစ်ခဲ့ပြီး အမျိုးသား အမျိုး သမီးသူနာပြု စုစုပေါင်း ၁၃၂၂ ဦး ကို မွေးထုတ်ပေးနိုင်ခဲ့ကာ  ယနေ့ တွင် ပထမနှစ်  သင်တန်းသား သင်တန်းသူ ၃၀ကို ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပေးခြင်း  ဖြစ်သည်။

 


အဆိုပါ   အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်နှင့်   အစိုးရအဖွဲ့ဝင်များက သူနာပြု  -  သားဖွားသင်တန်း ကျောင်းမှ ပညာရည်ချွန် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဂုဏ်ပြုဆုများ    ပေးအပ်ချီးမြှင့် ခဲ့ပြီး     ပြည်နယ်ဝန်ကြီးချုပ်က ပထမနှစ်   သူနာပြု - သားဖွား ဒီပလိုမာသင်တန်းသား သင်တန်း သူများအား ထောက်ပံ့ငွေကျပ် ခြောက်သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း
(ပြန်/ဆက်)