ကရင်ပြည်နယ် ရှမ်းရွာသစ်မြို့ ပရေကြေတိုရေတံခွန်တွင် နေ့စဉ်ရေကစားသူများဖြင့် စည်ကားလျက်ရှိ

 

ရှမ်းရွာသစ်   ဧပြီ    ၁၉


ကရင်ပြည်နယ်    ဘားအံခရိုင် ရှမ်းရွာသစ်မြို့ရှိ     ပရေကြေတို ရေတံခွန်သို့ နွေရာသီကာလတွင် အနယ်နယ်အရပ်ရပ်မှ   ခရီးသွား ဧည့်သည်များ      လာရောက် လည်ပတ်လျက်ရှိရာ  မိသားစုများ၊  အပေါင်းအဖော် သူငယ်ချင်းများနှင့်  စုပေါင်းလာရောက်ပြီး  အပန်းဖြေ  ရေကစားသူများဖြင့် နေ့စဉ် စည် ကားလျက်ရှိကြောင်း သိရသည်။

 


 ပရေကြေတိုရေတံခွန်သည် ရှမ်းရွာသစ်မြို့  မဲသမူးကျေးရွာ အုပ်စု ပရေကြေထကျေးရွာတွင် တည်ရှိပြီး ရှမ်းရွာသစ်မြို့မှ သုံးမိုင် ခန့်   ကွာဝေးသော  ကျောက်ထပ် ရှစ်ဆင့်ရှိ   တောင်ကုန်း၊    တောင် တန်းများကြားမှ အေးမြကြည်လင် နေသာ    ရေများဖြင့်    သဘာဝ အတိုင်းဖြစ်ပေါ်နေသောရေတံခွန် တစ်ခုလည်းဖြစ်သည်။    ထို့ပြင် ကရင်ပြည်နယ်အတွင်းရှိ ထင်ရှား သည့် ရေတံခွန်တစ်ခုလည်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ  ယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့်     အဖွဲ့လိုက် နေ့စဉ်လာရောက်     အပန်းဖြေ ရေကစားကြကြောင်း၊  ရေတံခွန် တစ်လျှောက်  ရေကူးကြသူများ၊ အရိပ်ရ    သစ်ပင်အောက်များ၌ အပန်းဖြေ   အနားယူကြသူများ၊ ဓာတ်ပုံ      ရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိပြီး ဒေသထွက် ရာသီစာ   ဟင်းသီးဟင်းရွက်များ ရောင်းချနေကြသော     ဒေသခံများ အနေဖြင့် အပိုဝင်ငွေရရှိကြကာ     အဆင်ပြေလျက်ရှိကြောင်း   သိရ သည်။

 


ပရေကြေတို   ရေတံခွန်သို့ လာရောက်အပန်းဖြေ    ရေကစား သူများ    အေးချမ်းပျော်ရွှင်စွာ အနားယူ   အပန်းဖြေနိုင်စေရန်နှင့်   ရေတံခွန်   သန့်ရှင်းသာယာ   လှပ စေရန်အတွက် တာဝန်ရှိသူများ က  ရာသီစာ  ဟင်းသီးဟင်းရွက် များ      ရောင်းချနေကြသော ဈေးသည်များကို သတ်မှတ်နေရာ များတွင်     စနစ်တကျ    ခင်းကျင်း ရောင်းချရန်၊  စွန့်ပစ်သည့် အမှိုက် မျာကို  စနစ်တကျ   စွန့်ပစ်ကြရန် နှင့်     ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ    ရေကစား ကြ ရန်အတွက် ကြပ်မတ်ဆောင် ရွက်ပေးလျက်ရှိကြောင်း   သိရ သည်။        

ဇင်လေး(ပြန်/ဆက်)