ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနနှင့်ကွပ်ကဲမှုအောက်ရုံး/မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်မိသားစုများအား ဆန်နှင့်စားသုံးဆီထောက်ပံ့ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်များကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု

 

ဘားအံ   စက်တင်ဘာ   ၂၅


ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်ပြည်နယ်မီးသတ် ဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရုံး/မီးသတ်စခန်းများရှိ  တပ်ဖွဲ့ဝင်မိသားစုများအား    ဆန်နှင့်   စားသုံးဆီ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို  စက်တင် ဘာ ၂၄ ရက် နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။


ထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီး ချုပ်   ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်အစိုးရအဖွဲ့  တာဝန်ယူနေစဉ်ကာလအတွင်း ကိုဗစ်-၁၉ ကူးစက် မြန် ကမ္ဘာ့ကပ်ရောဂါ တတိယလှိုင်း ကူးစက်ဖြစ်ပွားခဲ့  သကဲ့သို့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု များ ဖြစ်ပွားခဲ့ကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း များ၊ လုံခြုံရေးလုပ်ငန်းများ၌ တပ်မတော်နှင့်ပူးပေါင်း ၍ နေ့မအား ညမနား အပင်ပန်းခံ ကြိုးစားဆောင်ရွက် ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များကို အသိအမှတ်ပြု  ဂုဏ်ယူလေးစားသောအားဖြင့်   ယနေ့  ထောက်ပံ့ ပေးအပ်ပွဲကို   ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံ တာဝန်ကို စည်းစည်းလုံးလုံး  ညီညီညွတ်ညွတ်ဖြင့်  အဓိကရည်မှန်းချက်တာဝန်ကို အောင်မြင်ပြီးမြောက် သည်အထိ   ကြိုးစားထမ်းရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် မီးသတ်ဦးစီးဌာနနှင့် ကွပ်ကဲမှုအောက် ရုံး/မီးသတ် စခန်းများမှ တပ်ဖွဲ့ဝင်မိသားစုများအား စုစုပေါင်း ငွေကျပ် ၂၈၃၃၀၀၀ တန်ဖိုးရှိ ဆန်အိတ်များနှင့်စားသုံး ဆီပုံးများကို ထောက်ပံ့ပေးအပ်ရာ ပြည်နယ်မီးသတ် ဦးစီးဌာနမှ   ညွှန်ကြားရေးမှူးက   လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး  တာဝန်များအား စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက် ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့် သည့် အခမ်းအနားကို  မွန်းလွဲ ၂ နာရီခန့်က ဘားအံ မြို့ ဇွဲကပင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရသည့်အခြေအနေများအား ရှင်းလင်း ပြောကြားပြီး အကြမ်းဖက်အဖွဲ့များ၏ ပြည်သူများ အား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ဆက်သွယ်ရေး တာဝါတိုင်များ  ဖောက်ခွဲဖျက်ဆီးခြင်း၊   လုံခြုံရေး တပ်ဖွဲ့ဝင်များအား အလစ်အငိုက်ယူတိုက်ခိုက်ခြင်း များ ဆောင်ရွက်လာကြသည်ကို ထိထိရောက်ရောက် တားဆီးကာကွယ်သွားကြရမည်ဖြစ်ကြောင်း၊   ထို အကြမ်းဖက်အဖွဲ့များ ရှိနေသေးသရွေ့ မိမိတို့ လုံခြုံ ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေမည် ဖြစ်ကြောင်း၊ တပ်မတော်နဲ့အတူ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် PDF အကြမ်း ဖက် တပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ခဲယမ်းများအား  ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ကြောင့် စွမ်းစွမ်းတမံ လုံခြုံ ရေးတာဝန်များ ထမ်းဆောင်ပေးပါသော တပ်မတော်၊  ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်အဖွဲ့ဝင်များကို  ယနေ့ ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လက်နက် မျိုးစုံ ၂၁ လက်နှင့် ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိ သည့် မြဝတီမြို့နယ်ရဲတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ  ကျပ်သိန်း ၅၀ ကိုလည်းကောင်း ၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ကြီး ဇော်မင်းအောင်က တပ်မတော်သား လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ် BGF လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းစီ ကိုလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က နယ်မြေခံ ရဲတပ်ဖွဲ့နှင့်   လုံခြုံရေးရဲတပ်ဖွဲ့ခွဲများအား   ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၁၀ သိန်းစီကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)