
ဘားအံ ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော် ကို ကရင်ပြည်နယ် ဘားအံမြို့တွင် အေးချမ်းပျော်ရွှင်စွာ ဆင်ယင် ကျင်းပလျက်ရှိရာ ဧပြီ ၁၄ ရက် မဟာသင်္ကြန်အကျနေ့တွင် ဘားအံ မြို့ပေါ်ရှိ ပြည်နယ်အဆင့်ဝန်ကြီး ဌာန ရေကစားမဏ္ဍပ်များနှင့် ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ် များတွင် သင်္ကြန်ရေကစားကြသူ များ၊ ရေပက်ခံထွက်သူများ ဖြင့် စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။
မဟာသင်္ကြန်အကျနေ့ နံနက် ပိုင်းတွင် ဘားအံမြို့ သီရိကွင်းရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ သင်္ကြန် ယိမ်းအကအဖွဲ့များ၊ တပင်တိုင် အကများ၊ အနုပညာရှင်များ၏တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေမှုများအား ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့် ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေ ထွန်း၊ အရှေ့တောင်တိုင်းစစ် ဌာချုပ် ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူ များက ကြည့်ရှုအားပေးပြီး အောင်သပြေခက်ဖြင့် အတာ ရေအေးပက်ဖျန်း၍ ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ကမ်းနားလမ်းရှိ ပိတောက်ပွင့်သစ် အမှတ်(၂) မဟာသင်္ကြန်မဏ္ဍပ်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဌာန ရေကစားမဏ္ဍပ်၊ ပိတောက် အချစ်ဆုံး အမှတ်(၃) ရေကစား မဏ္ဍပ်၊ သယံဇာတရေးရာ ဝန်ကြီး ဌာန ရေကစားမဏ္ဍပ်၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ လူမှုရေးရာ ဝန်ကြီး ဌာန မိသားစုရေကစားမဏ္ဍပ်၊ ပိတောက်ဝါမွှေး အမှတ်(၄) ရေ ကစားမဏ္ဍပ်၊ စီးပွားရေးရာ ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ ဘားမဲတောင် သဘာဝဥယျာဉ် ရေကစားမဏ္ဍပ်များသို့ လှည့် လည်၍ ရေပက်ခံထွက် ရေကစား ခဲ့ကြပြီး အဆိုပါမဏ္ဍပ်များ၌ သင်္ကြန်ယိမ်းအဖွဲ့များ၊ တစ်ပင်တိုင် အကအလှများ၊ တေးသံရှင်များ၏ သီဆိုကပြ ဧည့်ခံဖျော်ဖြေမှုများ ကို ကြည့်ရှုအားပေး၍ အောင် သပြေခက်ဖြင့် အတာရေအေး ပက်ဖျန်းပေးကာ ဖျော်ဖြေရေး အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
အထူးစည်ကား
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး ကျင်းပသော ဘားအံမြို့အမှတ် (၄) ရပ်ကွက် ကမ်းနားလမ်း (ဘားအံ- ထုံးအိုင်လမ်း) ခေမာလမ်းထိပ် မှ အင်ကုန်းလမ်းထိပ်အထိ ပေပေါင်း ၁၀၀၀ ကျော်ကို ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်လမ်းအဖြစ် လျှောက်လမ်း ရေပန်းများ၊ ယပ်တောင်ပုံရေပန်း များ၊ လမ်းခုံးရေပန်းများ၊ လောင်း လှေများ၊ ပုသိမ်ထီးနှင့် ပိတောက် ပန်းများဖြင့် ဝေဝေဆာဆာ အလှ ဆင်ထားသော လမ်းလျှောက် သင်္ကြန်တွင် ပတ်ဝန်းကျင်ဒေသ များမှ ရေလောင်းရေပက်သူများ၊ ရေပက်ခံထွက်သူများ၊ လမ်း လျှောက် ရေကစားထွက်သူများ ဖြင့် အထူးပင်စည်ကားလျက်ရှိရာ စတုဒိသာမဏ္ဍပ်များတွင် တည် ခင်းဧည့်ခံသော စားသောက် ဖွယ်ရာများကို အတူတကွ သုံး ဆောင် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ လမ်း လျှောက်သင်္ကြန်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ပိတောက်ဖူးသစ် အမှတ် (၇) မဟာသင်္ကြန်ပွဲတော် မဏ္ဍပ်၊ ငုဝါပိတောက်အမှတ် (၆) ဖျော်ဖြေရေး မဏ္ဍပ်တို့တွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ တစ်ပင် တိုင် အကအလှများ၊ တေးသံရှင် များ၏ သီဆိုကပြဧည့်ခံဖျော်ဖြေ မှုများအား ကြည့်ရှုအားပေးပြီး အောင်သပြေခက်ဖြင့် အတာ ရေအေးပက်ဖျန်းပေးကာ ဖျော်ဖြေ ရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။
သီဆိုကပြဖျော်ဖြေ
အလားတူ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် မဟာသင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက် ညပိုင်းက ဘားအံမြို့ သီရိ ကွင်း ဗဟိုမဏ္ဍပ်တွင် ကျင်းပ ပြုလုပ်သော မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာ သင်္ကြန်ယိမ်းအကနှင့် တစ်ပင်တိုင် အကပြိုင်ပွဲ တတိယညအနေဖြင့် ကိုယ်ပိုင်သံစဉ် ယိမ်းအကအဖွဲ့ လေးဖွဲ့၊ Copy သံစဉ်ယိမ်းအက အဖွဲ့ကိုးဖွဲ့၊ တစ်ပင်တိုင်အက ခြောက်ဖွဲ့တို့၏ ညီညာမြူးကြွ သွက်လက်မြိုင်ဆိုင်စွာ သီဆိုကပြ ဖျော်ဖြေ ယှဉ်ပြိုင်မှုများအား ကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)