ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၂


ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့  အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း ပင်လုံခန်းမ၌ပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  မန်းငြိမ်းမောင်၊   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ကရင်တိုင်းရင်းသား တိုင်းရင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။                                                            


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်    မန်းငြိမ်းမောင်က  ကရင်ရိုးရာဖားစည် ၉   ချက်တီး၍    အခမ်းအနားကို   ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြား သည်။ 


နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြား


ထို့နောက်   တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က   နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။ ယင်းနောက် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပေးပို့သည့် ကရင်အမျိုးသား နှစ်သစ်ကူးသဝဏ်လွှာ ကို  တိုင်းဒေသကြီး  တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး    မန်းစောလင်းခယ်က   ဖတ်ကြားပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီး      ဘဒ္ဒန္တသုမနနှင့် ကက်သလစ်ဘုန်းတော်ကြီး Fr.Pius မန်းသဟွီတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  မန်းငြိမ်းမောင်က        နိဂုံးချုပ်အမှာစကား ပြောကြားသည်။


ဆက်လက်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရိုးရာပြခန်းကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်