KNU/KNLA(PC)၊ DKBA တပ်ဖွဲ့ဝင်နှင့် အိမ်ထောင်စုများသို့ ဆန်အိတ်များထောက်ပံ့

 

ဘားအံ  စက်တင်ဘာ    ၂၀    


ကရင် အမျိုးသားအစည်းအရုံး/ ကရင်လွတ်မြောက်ရေး   တပ်မ တော် - ငြိမ်းချမ်းရေး   ကောင်စီ KNU/ KNLA(PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ      နော်ကပေါ်ထူးနှင့် ဒီမိုကရေစီအကျိုးပြု      ကရင် တပ်မတော် (DKBA)    စစ်ဦးစီး ချုပ်    စောစတီးတို့က       ဒို့တာဝန် အရေးသုံးပါးကို        ဦးထိပ်ထား ပြီး   ငြိမ်းချမ်းရေးနှင့်   ဒေသဖွံ့ဖြိုး ရေးဆိုင်ရာများကို   အကောင်း ဆုံး     ကြိုးစားဆောင်ရွက်သွား မည်ဖြစ်ကြောင်း      ပြောကြား လိုက်သည်။

 


၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီး     ဌာနက ကရင်အမျိုးသား   အစည်းအရုံး/ ကရင်လွတ်မြောက်ရေး  တပ်မ တော်  -  ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC)၊   ဒီမိုကရေစီ အကျိုးပြု     ကရင်တပ်မတော် DKBA       တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်စုများသို့ ဆန်အိတ်များ ထောက်ပံ့ပေးအပ်သည့်    အခမ်း အနားတွင် ၎င်းတို့က ကျေးဇူးတင် စကား ပြန်လည်ပြောကြားရာ၌ ယင်းသို့  ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

 


အဆိုပါ    အခမ်းအနားကို ယမန်နေ့   နံနက်ပိုင်းက ကရင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပြီး ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်၍    KNU/KNLA (PC)၊     DKBA    တပ်ဖွဲ့ဝင်များ နှင့်     အိမ်ထောင်စုများသို့    ဆန် အိတ် ၃၀၀ စီ ထောက်ပံ့ပေးအပ် ခဲ့သည်။

 


ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ် က  စားဝတ်နေရေးသည် အရေး ကြီးသည့်အတွက် စိုက်ပျိုး မွေးမြူ ရေး    ထုတ်ကုန်များကို     ပိုမို ထုတ်လုပ်နိုင်ရေး    တိုးချဲ့ဆောင် ရွက်လျက်ရှိကြောင်း၊      စားနပ် ရိက္ခာ    ဖူလုံပိုလျှံစေရေးအတွက် သီးထပ်သီးညှပ်များဖြင့် တစ်ဧက အထွက်နှုန်း      တိုးတက်အောင် ကြိုးပမ်း    ဆောင်ရွက်လျက်ရှိ ကြောင်း၊  နိုင်ငံတော်က ပြည်နယ် အတွက် လိုအပ်သည့် အရင်းအနှီး ငွေများ       ထောက်ပံ့ပေးထား ကြောင်းနှင့် အတိုးနှုန်းသက်သာ စွာဖြင့် တောင်သူများကိုထုတ်ချေး ပေးသွားမည်       ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်မိသားစုများ၏ စားနပ် ရိက္ခာ   ဖူလုံပိုလျှံရေး၊   ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ နှင့်       အခြားလိုအပ်ချက်များ ရှိပါက    အချိန်မရွေး  ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်းနှင့် ကူညီ ထောက်ပံ့     ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း      အသိပေး ပြောကြားခဲ့သည်။

 


အခမ်းအနားအပြီးတွင် ကရင် အမျိုးသား  အစည်းအရုံး/ ကရင် လွတ်မြောက်ရေး   တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ      KNU/KNLA(PC)    နှင့်   ဒီမိုကရေစီ အကျိုးပြု      ကရင်တပ်မတော် DKBA  တို့မှ    တာဝန်ရှိသူများ သည်   ဘားအံမွေးမြူရေးဇုန်သို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြ ကြောင်း သိရသည်။

   
သတင်းစဉ်