KNU/KNLA တပ်မဟာ(၆)လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်ပြီး လူနေရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

 

နေပြည်တော် အောက်တိုဘာ  ၂၁ 


KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက  ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး  လူနေ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာန  အဆောက်အဦများအတွင်း ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။      

 


ဖြစ်စဉ်မှာ KNU/KNLA တပ်မဟာ(၆) တပ်ရင်း(၁၇၊ ၁၈၊ ၂၇)မှ သောင်းကျန်းသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များသည် ကော့ကရိတ်မြို့၊ မြဝတီမြို့နှင့် သင်္ကန်းညီနောင်မြို့  စသည့်မြို့ကြီးများကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ နယ်မြေခံတပ်ဌာနချုပ်များ၊  လုံခြုံရေးတပ်ဖွဲ့ဝင်များ  တည်ရှိ သည့်နေရာ၊ စခန်းများနှင့်လှုပ်ရှားစစ်ကြောင်းများအား    ဝင်ရောက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ရန်စီစဉ်လျက်ရှိကြောင်း တည်ငြိမ်အေးချမ်းမှုကို   လိုလား သည့်ပြည်သူများထံမှ   ကြိုတင် သတင်းရရှိခဲ့သဖြင့်    တပ်မတော် နှင့်  ရဲတပ်ဖွဲ့ဝင်များ  ပူးပေါင်းသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် မြို့လုံခြုံရေးများကို  နေ့ညမပြတ် အသင့်စောင့်ဆိုင်း   ဆောင်ရွက်ခဲ့ သည်။ ထို့သို့ လုံခြုံရေးတပ်ဖွဲ့ဝင် များ           နေ့ညမပြတ်အသင့် စောင့်ဆိုင်းလျက်ရှိစဉ်   သောင်း ကျန်းသူများနှင့်    အကြမ်းဖက် သမားများက ယနေ့နံနက် ၇ နာရီ ခွဲခန့်တွင်  လက်နက်ကြီးများဖြင့် ကော့ကရိတ်မြို့အတွင်းသို့ အဝေး မှ စတင်ပစ်ခတ်ခဲ့ပြီး နံနက် ၈နာရီ ခန့်တွင် အင်အားသုံး၍ ဝင်ရောက် တိုက်ခိုက်ခဲ့သည်။  

 


ကော့ကရိတ်မြောက်ဘက်ရှိ ခင်နိမ်းမူအိမ်ရာဂိတ်(၃)သို့လည်း ကောင်း၊   အဘောဘုရားကုန်း၊ ကြောင်လျှာကုန်း၊ ဝန်ထမ်းအိမ်ရာ များသို့လည်းကောင်း၊ မြို့နယ် လမ်းမကြီးရှိ လမ်းလုံခြုံရေးနေရာ များသို့လည်းကောင်း  တစ်ချိန် တည်း       တစ်ပြိုင်တည်းတွင် အင်အားသုံး၍       ဝင်ရောက် တိုက်ခိုက်ခဲ့ရာ  လုံခြုံရေးတပ်ဖွဲ့ ဝင်များက   စနစ်တကျ    ကြိုတင် စုဖွဲ့       အသင့်ဖြစ်မှုတို့ကြောင့် လည်းကောင်း၊   တာဝန်သိပြည်သူ များက           တိုက်ပွဲအတွင်းမှ သောင်းကျန်းသူနေရာများအား သတင်းပေးပို့မှုကြောင့်   လည်း ကောင်း အကြမ်းဖက် သမားများ ၏         ဝင်ရောက်တိုက်ခိုက်မှုကို  ဝန်ထမ်းအိမ်ရာ  တစ်ဝိုက်မှလွဲ၍ ထိရောက်စွာ တုံ့ပြန်တိုက်ခိုက်နိုင် ခဲ့သဖြင့်  နံနက်  ၁၀  နာရီခန့်တွင် သောင်းကျန်းသူများ  အထိနာ၍ ဆုတ်ခွာ  ထွက်ပြေးသွားခဲ့သည်။

 


ဝန်ထမ်း  ရပ်ကွက်အတွင်း ရောက်ရှိလာသော   သောင်းကျန်း သူများမှာ  အရပ်သားပြည်သူများ နေထိုင်နေသည့်   လူနေအိမ်များ အတွင်းမှ   အရပ်သားပြည်သူ များနှင့်   အဆောက်အဦများကို       အကာအကွယ်ရယူကာ     လူသား တံတိုင်းအဖြစ်  အသုံးချတိုက်ခိုက် လာ သဖြင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အများပြည်သူနှင့်လူနေအဆောက်အဦများကို   ထိခိုက်မှု မရှိစေရေး  ထိန်းထိန်းသိမ်းသိမ်း အကန့်အသတ်ဖြင့်  တိုက်ခိုက်ရ ခြင်း၊      ဝိုင်းပတ်ချေမှုန်းနိုင်ရေး   ဆောင်ရွက်ခဲ့ရခြင်း     တို့ကြောင့် ညနေ ၃ နာရီခန့်မှသာ   သောင်း ကျန်းသူများ   ဝန်ထမ်းရပ်ကွက် အတွင်းမှ         ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

 


ကော့ကရိတ်မြို့၏   မြောက် ဘက်နှင့်အရှေ့ဘက်သို့  ဖရိုဖရဲ ဖြင့်   ဆုတ်ခွာထွက်ပြေးလျက်ရှိ သော  အကြမ်းဖက်သောင်းကျန်း သူများကို        တပ်မတော် စစ်ကြောင်းများက  လေကြောင်း၊ အမြောက်နှင့်သံချပ်ကာယာဉ်များ ၏    ပစ်ကူရယူ၍    ထပ်ကြပ် လိုက်လံချေမှုန်းလျက်ရှိသည်။

 


အကြမ်းဖက်များ၏ လက်နက် ကြီးများဖြင့်     ပစ်ခတ်ခဲ့မှုကြောင့် လတ်တလော     သတင်းရရှိချိန် အထိ လူနေရပ်ကွက်အတွင်းရှိနေ အိမ်အချို့     ထိခိုက်ပျက်စီးခဲ့ရပြီး အပြစ်မဲ့ပြည်သူ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း သုံး ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁၁ ဦး၊  အမျိုးသမီး ငါးဦး  စုစုပေါင်း  ၁၆ ဦး    ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။    ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးခဲ့ပြီး   အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ၏    အသက် အန္တရာယ်များ        ကာကွယ်စောင့် ရှောက်ရေးအတွက်  လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ 

 


KNU/KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းများ၊ KKO ခွဲထွက်အဖွဲ့နှင့် NUG၊ CRPH၊ PDF အမည်ခံ           အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့များအနေဖြင့်  မြို့ရွာ လုံခြုံရေးတပ်ဖွဲ့များကို   အလစ် ငိုက်        တိုက်ခိုက်ခဲ့သော်လည်း မြို့နေလူထု၏        အသေးစိတ် အချိန်မီ   သတင်းပေးပို့ချက်အရ လိုအပ်သော   အမြောက်၊   လေ ကြောင်းနှင့် သံချပ်ကာ ပစ်ကူများ ကို    တိကျထိရောက်စွာ    ဆောင် ရွက်နိုင်ခဲ့ခြင်း၊  လုံခြုံရေးအဖွဲ့များ ၏ ရွပ်ရွပ်ချွံချွံဖြင့် တုံ့ပြန်တိုက်ခိုက် နိုင်ခြင်းတို့ကြောင့်      ၎င်းတို့၏ အကြံအစည်             မအောင်မြင်ဘဲ ဆုတ်ခွာ       ထွက်ပြေးသွားခဲ့ရပြီး ကော့ကရိတ်မြို့အား    ရန်သူ့လက် သို့        ကျရောက်မည့်အန္တရာယ်နှင့် မြို့အားရန်သူ၏ မီးလောင်တိုက် သွင်းမည့်   အန္တရာယ်မှ   တားဆီး ကာကွယ်နိုင်ခဲ့ခြင်း    ဖြစ်ကြောင်း သတင်းရရှိသည်။  

    
သတင်းစဉ်