ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ လူငယ်စကားဝိုင်းကျင်းပ

 

စစ်တွေ   ဖေဖော်ဝါရီ  ၁၆


ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်     ကွန်ပျူတာ တက္ကသိုလ်(စစ်တွေ)တို့ပူးပေါင်း၍ “လူငယ်နှင့်         ဆိုရှယ်မီဒီယာ၏ အကျိုးအပြစ်” ခေါင်းစဉ်ဖြင့် လူငယ် စကားဝိုင်းကို  ယနေ့  မွန်းလွဲပိုင်း က ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ၌ ကျင်းပသည်။

 


ဦးစွာ  ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)  ဒုတိယပါမောက္ခချုပ် ဒေါက်တာ    ဇော်ထွန်းက   အမှာ စကား ပြောကြားပြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးတင်ကိုဝင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို   ရှင်းလင်း ပြောကြားသည်။

 


ဆက်လက်၍ လူငယ်စကား ဝိုင်းကို   ကျင်းပရာ   ကွန်ပျူတာ တက္ကသိုလ်   (စစ်တွေ)  သုတသိပ္ပံ မဟာဌာနမှ    တွဲဖက်ပါမောက္ခ ဌာနမှူး   ဦးသောင်းမြင့်ထွန်းနှင့် စစ်တွေခရိုင်    ပြန်ကြားရေးနှင့်      ပြည်သူ့ဆက်ဆံရေး         ဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး   ဒေါ်ခင်ယုယုနွယ်တို့က  ဦးဆောင်  ဆွေးနွေးသူများအဖြစ်    ပါဝင် ဆောင်ရွက်ပြီး          ကွန်ပျူတာ တက္ကသိုလ်(စစ်တွေ)မှ ပထမနှစ် ကျောင်းသား      မောင်ကောင်း မြတ်သူ၊  စတုတ္ထနှစ်ကျောင်းသား မောင်ဆလိုင်းမျိုးချစ်ထွန်း၊ ပထမ နှစ်ကျောင်းသူ   မနီလာသော်နှင့် ပထမနှစ်ကျောင်းသူ  မခိုင်နှင်းဝေ တို့က   “လူငယ်နှင့်ဆိုရှယ်မီဒီယာ ၏ အကျိုးအပြစ်”  ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားကြသည်။

 


ဆွေးနွေးပြောကြားချက်များအပေါ်တွင် တက်ရောက်လာကြ သော   ဆရာ  ဆရာမများနှင့် ကျောင်းသား   ကျောင်းသူများက မေးမြန်း  ဆွေးနွေးဖြေကြားကြပြီး လူငယ်စကားဝိုင်းတွင်     ပါဝင် ဆွေးနွေးကြသည့် ကျောင်းသား ကျောင်းသူများအား ပြန်ကြားရေး နှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်   တာဝန်ရှိသူ များက    အမှတ်တရလက်ဆောင် ပစ္စည်းများ       ပေးအပ်ခဲ့ကြောင်း သိရသည်။  

 

တင်ထွန်း(ပြန်/ဆက်)