ကန်ပက်လက်မြို့နယ် ခါရိုင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီး

 

ကန်ပက်လက်  အောက်တိုဘာ  ၃


ချင်းပြည်နယ်  ကန်ပက်လက် မြို့နယ်     ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး   ဦးစီးဌာန က ကျေးလက်နေပြည်သူများ၏   လယ်ယာ        ထွက်ကုန်များကို    ဈေးနှုန်း        သက်သာစွာဖြင့်   ဈေးကွက်သို့  လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်     ရည်ရွယ် ဖောက်လုပ်ခဲ့သည့် ခါရိုင်းကျေးရွာ ကျေးလက်          ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း      လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ခါရိုင်းကျေးရွာ    ကျေးလက် ကုန်ထုတ်လမ်းကို   ကျေးလက် ဒေသ    ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ယခုဘဏ္ဍာနှစ်     ခွင့်ပြု ရန်ပုံငွေကျပ်     ၈၁    ဒသမ ၂၅ သန်းဖြင့် ယခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်က    စတင်ဖောက်လုပ် ခဲ့ပြီး လမ်းအရှည်    ၆ မိုင်၄ ဖာလုံ၊ လမ်းအကျယ်  ၁၂ ပေ   မြေသား လမ်းဖြစ်သည်။ အဆိုပါ   ကျေး လက်ကုန်ထုတ်လမ်းသည်  ဒေသ တွင်း  စပါးစိုက်ခင်း ၁၀    ဧက ကျော်နှင့်  ဝဥနှင့် အခြားသီးနှံ ၁၇၅ ဧကကျော်မှ     ထွက်ကုန်များကို  စျေးကွက်သို့  အချိန်မီ   လွယ်ကူ လျင်မြန်စွာ ပေးပို့နိုင်ရန်  အကျိုး ပြုမည်ဖြစ်သကဲ့သို့      ကျေးရွာ ရှိ အိမ်ခြေ ၅၇ အိမ်မှ  လူဦးရေ ၂၉၀ ခန့်အတွက်   လမ်းပန်းဆက်သွယ် ရေး   ချောမွေ့စေပြီး  လယ်ယာသုံး စက်ပစ္စည်းများ       သွားလာရေး အတွက်လည်း    အကျိုးပြုလျက်  ရှိကြောင်း    ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ       ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှူး   ဦးထန်းအွမ်က ပြောသည်။              

စိုးမိုးကျော်