
နေပြည်တော် နိုဝင်ဘာ ၄
စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ များ စားရေးအဆင်ပြေစေရေး အတွက် တပ်မတော်နှင့် စေတနာ ရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ် ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) တာလေမြို့ရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအတွက် စားသောက်ဖွယ်ရာများ၊ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အဝတ်အထည် များကို တြိဂံဒေသတိုင်းစစ်ဌာန ချုပ်မှ တာဝန်ရှိသူများက သွား ရောက် ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်