
နေပြည်တော် အောက်တိုဘာ ၁၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်း တောင်တက် ကားဂိတ်အား ယနေ့နံနက်ပိုင်းတွင် KNLA တပ်မဟာ (၁) နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ သုံးဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဝါကျွတ်ကာလ အများပြည်သူများ အေးချမ်းစွာ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာဘုရား အား ဖူးမြော်ကုသိုလ်ယူ၍ စည်ကားလျက်ရှိစဉ် KNLA တပ်မဟာ (၁) နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ဆောင်နိုင်ကြီး ရွာဘက်မှ မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာ ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကင်မွန်း ချောင်း တောင်တက်ကားဂိတ်အား အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ ပစ်ခတ်ကာ ဆောင်နိုင်ကြီး ရွာဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့သည်။ ထိုသို့ ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားဖူးလာရောက်ကြသည့် အပြစ်မဲ့ပြည်သူ အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ထွက်ပြေး သွားသည့် အကြမ်းဖက်သမားများအား ထိရောက် စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ထက်ကြပ်လိုက်လံ ချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။
NUG ၊ CRPH အနေဖြင့် ဝါကျွတ်ကာလအတွင်း နိုင်ငံအနှံ့အပြားရှိ ဘုရားကျောင်းကန်များ၊ အပန်းဖြေ စခန်းများတွင် အများပြည်သူများ စည်ကား သိုက်မြိုက်စွာဖြင့် အေးချမ်းပျော်ရွှင်စွာ ဘုရားဖူးခြင်း၊ အပန်းဖြေအနားယူနေခြင်းတို့အပေါ် မရှုဆိတ်သော အောက်တန်းကျသည့် စိတ်ဓာတ်ဖြင့် အဖျက်အမှောင့် လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ယခုဖြစ်စဉ်သည်လည်း ၎င်းတို့၏ ခိုင်းစေချက်အရ KNLA တပ်မဟာ (၁) နှင့် PDF အမည်ခံအကြမ်းဖက် သမား ပူးပေါင်းအဖွဲ့အနေဖြင့် စစ်ရေးနှင့်မသက်ဆိုင် သည့် အများပြည်သူအေးချမ်းစွာဖြင့် ဘုရားဖူး ကုသိုလ်ယူလျက်ရှိသော သာသနာ့နယ်မြေအတွင်း ရက်စက်မိုက်မဲစွာ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင် မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဂျီနီဗာကွန်ဗန်းရှင်း များနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲ ဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ချေမှုန်းရေးဆောင်ရွက်မှု (Counter-terrorism Action ) ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အများပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့၏ လုပ်ရှားမှုသတင်းများရရှိက လုံခြုံရေးတပ်ဖွဲ့ဝင် များထံသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်