
၁။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ အနောက် မြို့ပတ်လမ်း၊ အမှတ်(၁၈)တွင် ပါတီရုံးချုပ်တည်ရှိသော ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)ပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားချက်အရ ယင်းပါတီက အသုံး ပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကိုဖော်ပြပြီး အများပြည်သူ ကန့်ကွက်နိုင်ကြောင်း ၁-၃-၂၀၂၃ ရက်နေ့ နေ့စဉ်ထုတ်သတင်းစာ များတွင် ထည့်သွင်းကြော်ငြာခဲ့ပါသည်။
၂။ ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအလံကို ကန့်ကွက်မှုရှိခဲ့သည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က စိစစ်ရာတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ခ)နှင့် ငြိစွန်းကြောင်း တွေ့ရှိရသဖြင့် ပြန်လည်ပြင်ဆင်စေခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီက ပြင်ဆင်တင်ပြလာသည့် ဖော်ပြပါ ပါတီအလံကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသောအထောက် အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက် နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၏ အလံပုံစံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်