အော့တဝါ ဇန်နဝါရီ ၁၈
ကနေဒါနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၅၈၆ ဦး   ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင်   ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရသူပေါင်း ၂၈၀၁၄၄၆ ဦးရှိလာကြောင်းနှင့် အဆိုပါရောဂါဖြင့် သေဆုံးသူ ပေါင်း ၃၀၉၄၆ ဦးရှိကြောင်း သိရသည်။
သေဆုံးသူ ၅၄ ဦးရှိ
ကနေဒါနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် အွန်တာရီယိုပြည်နယ်၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၅၂၁ ဦးနှင့်    သေဆုံးသူ ၂၂ ဦးရှိ ကြောင်း၊     ဒုတိယလူဦးရေအများဆုံး    ကွီဘက်ပြည်နယ်၌  ၅၄၀၀ နှင့် အဆိုပါရောဂါဖြင့်  သေဆုံးသူ ၅၄ ဦးရှိကြောင်း     သိရသည်။
ယင်းသို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်နေ သည့်အတွက် စာသင်ကျောင်းများ၌ အတန်းမစတင်မီ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ   စမ်းသပ်မှုများ  လုပ်ဆောင်လျက်ရှိကြောင်း ပြည်နယ်အစိုးရများက ပြောကြားသည်။ 
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်
n
 
      


