ကမ္ဘောဇသာဒီနန်းတော်ရာဝင်းအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်

 

ပဲခူး    နိုဝင်ဘာ  ၂၁ 


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်ရာဝင်းအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
 

 

ရှေးဦးစွာ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးနှင့်   တာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ  ပျော်ရွှင်အေးချမ်း လုံခြုံစွာအနားယူ   အပန်းဖြေ လည်ပတ်နိုင်ရေးအတွက် ဖျော်ဖြေ ရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် ဗဟုသုတ  လေ့လာနိုင်ရေးကဏ္ဍ များ   ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ကမ္ဘောဇသာဒီ နန်းတော်သည် ပြည်တွင်းသာမက ပြည်ပနိုင်ငံများကပါ       စိတ်ဝင် တစား    လာရောက်လည်ပတ်ရ သည့်  နေရာတစ်ခုဖြစ်ကြောင်း နှင့် နိုင်ငံတကာခရီးသွားလမ်းညွှန် website ဖြစ်သည့်   Museum Pool နှင့်   ချိတ်ဆက်ဆောင်ရွက် သွားရန်၊       နန်းတော်ရာဝင်း အတွင်း တူးဖော်တွေ့ရှိထားသည့် ရှေးဟောင်းပစ္စည်းများအတွက်သီးခြားပြတိုက်ထားရှိရန်၊ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးတို့ကို အထူးအလေးထားဆောင်ရွက် ရန်နှင့် Travel Blogger များ ဖိတ် ခေါ်၍   ခရီးသွားလုပ်ငန်းမြှင့်တင်နိုင် ရေး   စီစဉ်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

 


အထင်ကရနေရာတစ်ခု


ကမ္ဘောဇသာဒီနန်းတော်ကြီး သည် ပဲခူးမြို့ကျက်သရေဆောင် ဆုတောင်းပြည့်         ရွှေမော်ဓော ဘုရား     တောင်ဘက်မုခ်အနီး နန်းတော်ရာရပ်ကွက်တွင် တည်ရှိ ပြီး မြေဧရိယာ    ၆၄   ဧကခန့် အကျယ်အဝန်းရှိသည့်        ပဲခူး ရှေးဟောင်းဇုန်ထဲတွင် ပါဝင်သည့် အထင်ကရနေရာတစ်ခုဖြစ်သည်။

 


ပြန်လည်ဖွင့်လှစ်ထားရှိ


ကမ္ဘောဇသာဒီနန်းတော်ကြီး သို့ တစ်နှစ်လျှင်  ကမ္ဘာလှည့်ခရီး သွား နိုင်ငံခြားသားဦးရေ နှစ်သိန်း နီးပါးနှင့်     ပြည်တွင်းခရီးသွား ဧည့်သည်     ခြောက်သိန်းကျော် လာရောက်လည်ပတ်လေ့လာကြ ပြီး ယခုအခါ ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ နိုဝင်ဘာ ၁၀ ရက်မှစတင်၍   နေ့စဉ်   နံနက် ၉ နာရီမှ  ညနေ ၅  နာရီခွဲအထိ ပြန်လည်   ဖွင့်လှစ်ထားရှိကြောင်း သိရသည်။                

သတင်းစဉ်