ကမ္ဘောဇသာဒီနန်းတော်ဆောင်များ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်

 

ပဲခူး   ဒီဇင်ဘာ   ၁၁


ကမ္ဘောဇသာဒီနန်းတော်ဆောင်များ ရေရှည်တည်တံ့ ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်နိုင်ရန်   ကြံ့ခိုင်မှု စစ်ဆေးခြင်းများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြ သည့် အခမ်းအနားကို ဒီဇင်ဘာ ၉ ရက်က ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး     တော်ဝင်ဟံသာအစည်း အဝေးအခန်းမ၌ ပြုလုပ်သည်။

 


ရှင်းလင်းပွဲတွင်   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘောဇသာဒီနန်းတော်ရာဝင်း အတွင်းရှိ မြေနန်းပြာသာဒ်ဆောင်၊ ဘမရာသနပလ္လင် ဆောင်များမှ ပျက်စီးနေသည့် အစိတ်အပိုင်းများ၊ မြန်မာမှု   သစ်သားပန်းကနုတ်ပြားများ၏   အခြေ အနေကို စစ်ဆေးပြီး ပြန်လည်ပြုပြင်နိုင်ရန်နှင့် ရေရှည်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်  ဌာနဆိုင်ရာများ နှင့်   ရှေးဟောင်းသမိုင်း  ပညာရှင်များပါဝင်သော နန်းတော်ဆောင်များ ကြံ့ခိုင်မှုစစ်ဆေးရေး   ထိန်း သိမ်းရေးအဖွဲ့ကို        ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ နန်းတော်ဆောင်များ              ကြံ့ခိုင်မှုစစ်ဆေးရေး၊ ထိန်းသိမ်းရေးအဖွဲ့၏   မြေပြင်ကွင်းဆင်း    စစ်ဆေး တွေ့ရှိချက်များ၊       မှတ်တမ်းတင်ထားမှုများစသည့် အသေးစိတ်အချက်အလက် တင်ပြချက်များအပေါ် ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ်  အစည်းအဝေးပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြား သည်။

 


ထို့နောက် ပဲခူးတိုင်းဒေသကြီးဆောက်လုပ်ရေးအထူးအဖွဲ့(၃) ဒုတိယညွှန်ကြားရေးမှူးက ကမ္ဘောဇ သာဒီ နန်းတော်ရာဝင်းအတွင်း ပုံစံတည်ဆောက်ပြသ ထားသည့် နန်းဆောင်များ၏   ကြံ့ခိုင်မှုစစ်ဆေး ဆောင်ရွက်ခဲ့သည့် အခြေအနေများကို  ရှင်းလင်း တင်ပြကာ တိုင်းဒေသကြီးဝန်ကြီးများ၊ အရပ်ဘက် ရှေးဟောင်းသမိုင်းပညာရှင်များနှင့်တာဝန်ရှိသူများ က အကြုံပြုဆွေးနွေးသည်။

 


ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်က နန်းတော်ဆောင်များ ပြန်လည်ပြင်ဆင် ထိန်းသိမ်း ခြင်း လုပ်ငန်းများအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် သီးသန့်ဘဏ္ဍာငွေလျာထားပြီး သမိုင်းပညာရှင် များ၊ ဗိသုကာပညာရှင်များ၊ မြန်မာမှုပညာရှင်များဖြင့် စနစ်တကျ အပိုင်းလိုက်ခွဲ၍ ရှေးမူမပျက် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊  နန်းတော်ရာဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့်   အရိပ်ရသစ်ပင်နှင့် ရာသီအလိုက်ပွင့်သည့်     ပန်းအလှပင်များ    တိုးချဲ့ စိုက်ပျိုးရေးတို့ကို    မှာကြားပြီး   ကမ္ဘောဇသာဒီ နန်းတော်ရာဝင်းအတွင်းရှိ မြေနန်းပြာသာဒ်ဆောင် နှင့် ဘမရာသနပလ္လင်ဆောင်တို့ကို  ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။


သတင်းစဉ်