ကမ္ဘာ့ရေနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သွားမည်

 

နေပြည်တော်   မတ်   ၁၅


၂၀၂၃ ခုနှစ် ကမ္ဘာ့ရေနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါး ပြိုင်ပွဲကို “ရေဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းရန် အရှိန်အဟုန် မြှင့် ရှေ့သို့ပြောင်းလဲဆောင်ရွက်ခြင်း”  ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ ဦးအောင်စည်သူ(စည်တော်မောင် မကွေး) က ပထမဆု၊ ဟင်္သာတမြို့       ကနောင်စုရပ်ကွက်မှ   ဦးဇော်လွင်ဦး  (ကိုတူး သာယာမြိုင်)က ဒုတိယဆုနှင့် ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(စက်မှု) ဦးရဲဖြိုးပိုင်(ကိုရဲစက်မှု) က တတိယဆုရရှိခဲ့ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ မှ သိရသည်။

 


ထိုသို့ ဆုရရှိခဲ့ကြသည့် ဆောင်းပါးရှင်များကို မတ် ၂၂ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။           

သတင်းစဉ်