ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်

 

နေပြည်တော်    ဇန်နဝါရီ   ၁၁


မြန်မာ့လက်ရွေးစင်အသင်းသည်      မတ်လတွင်       ယှဉ်ပြိုင်ရမည့်  ဆီးရီးယားအသင်းနှင့် ၂၀၂၆   ကမ္ဘာ့ဖလားအာရှဇုန် ဒုတိယအဆင့်  ခြေစစ်ပွဲအတွက်  ပထမအကြိမ်  လေ့ကျင့်မှုများ  စတင်ပြုလုပ်လျက် ရှိသည်။


မြန်မာ့လက်ရွေးစင်အသင်း    နည်းပြချုပ်   ဖိုက်အွန်ဘိုင်နာသည်      ကြိုတင်ပြင်ဆင်သည့်အနေဖြင့်  တစ်ပတ်ကျော်  စတင်လေ့ကျင့်ခြင်း ဖြစ်ပြီး  ကစားသမား  စုံလင်ခြင်းမရှိသော်လည်း ကစားသမား  ၂၈ ဦး  ရွေးချယ်ထားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇန်နဝါရီ ၁၀ ရက်မှ  ၂၀  ရက်အထိ ပထမအကြိမ် လေ့ကျင့်ခြင်းဖြစ်သည်။  ပထမ အကြိမ် လေ့ကျင့်ရန် ကစားသမား ၂၈ ဦး ရွေးချယ်ထားပြီး ပြည်ပကလပ် များတွင်  ကစားနေသူအချို့နှင့် ဒဏ်ရာရနေသူများ ပါဝင်လာခြင်း မရှိသေးဘဲ  ဒုတိယအကြိမ်  လေ့ကျင့်မှသာ လာရောက်ပူးပေါင်းမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လတွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ဆီးရီးယားအသင်းနှင့် အိမ်ကွင်း၊ အဝေးကွင်း နှစ်ပွဲ ကစားရမည်ဖြစ်သည်။


ယခုလေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုးသမား- ကျော်ဇင်ဖြိုး၊ ဆန်းဆက်နိုင်၊ ပြည့်ဖြိုးသူ၊ ဇင်ညီညီအောင်၊ နောက်တန်း- သက်ဟိန်းစိုး၊ သီဟထက်အောင်၊ ရဲမင်းသူ၊ ဟိန်းဇေယျာလင်း၊ လတ်ဝေ ဘုန်း၊ ငြိမ်းချမ်း၊ ကောင်းထက်ပိုင်၊ ဇွဲခန့်မင်း၊ ဇွဲထက်မင်း၊ အလယ်တန်း-ခွန်ကျော်ဇင်ဟိန်း၊    မောင်မောင်လွင်၊   ဥက္ကာနိုင်၊    မြတ်ကောင်းခန့်၊ လင်းထက်စိုး၊ ဟိန်းထက်အောင်၊ ဇော်ဝင်းသိန်း၊ ဝေလင်းအောင်၊ အာကာ ကျော်၊ အောင်နိုင်ဝင်း၊ ရန်နိုင်ဦး၊ ကျော်မင်းဦး၊ ရှေ့တန်း-ကျော်ကိုကို၊ ဝင်းနိုင်ထွန်းနှင့် သူရိန်ထွန်းတို့ ပါဝင်ကြသည်။ ယခုလေ့ကျင့်မည့် ကစား သမားစာရင်းတွင်    ထိုင်းကလပ်များတွင်    ကစားနေသူများအနက်  အောင်သူ၊ အောင်ကောင်းမာန်၊ သန်းပိုင်၊ အီစိုး၊ လွင်မိုးအောင်၊ ဟိန်းဖြိုး ဝင်း၊ ကမ္ဘောဒီးယားလိဂ်မှ စိုးမိုးကျော်၊ သီဟဇော်၊ ဘူတန်လိဂ်မှ အောင် ကျော်နိုင်၊ ဒဏ်ရာရှိနေသည့် ပြည်တွင်းလိဂ်မှ နန္ဒကျော်၊ ထက်ဖြိုးဝေ၊ နေမိုးနိုင်တို့     မပါဝင်နိုင်သေးဘဲ   ဒုတိယအကြိမ်    လေ့ကျင့်မှုမှသာ လာရောက်ပူးပေါင်းမည်ဖြစ်သည်။                        

သတင်း - ရဲရင့်လွင်
ဓာတ်ပုံ-MFF