နေပြည်တော် စက်တင်ဘာ ၂၈
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၈ ရက် တွင် သတ်မှတ်ထားသည့် ကမ္ဘာ လုံးဆိုင်ရာ သတင်းအချက်အလက် သိပိုင်ခွင့် အပြည်ပြည်ဆိုင်ရာနေ့ ကို ဂုဏ်ပြုသောအားဖြင့် Online ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပရာ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ လက်တွေ့လုပ်ငန်း ဆောင်ရွက်နေ သူများနှင့် စိတ်ပါဝင်စားသည့် ဝန်ထမ်းများ တက်ရောက် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် သတင်း အချက်အလက် လက်လှမ်းမီမှုမှ တစ်ဆင့် ပြည်သူ့ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ အရည်အသွေး မြှင့်တင်ပေးခြင်း၊ ပြည်သူများ သတင်းအချက်အလက် ရယူပိုင် ခွင့်ရှိစေရန် သတင်းအချက် အလက် ထုတ်ဖော်မှုကို မြှင့်တင် ပေးခြင်း၊ ပြည်သူများ သတင်း အချက်အလက် သိရှိပိုင်ခွင့်အရ အများပြည်သူကို ပိုမိုတာဝန်ခံ နိုင်သော သတင်းအချက်အလက် များ ဖြည့်ဆည်းပေးခြင်း၊ အစိုးရ ၏ သတင်းအချက်အလက်များကို အားလုံးပါဝင်သည့် ဝန်ဆောင်မှု ပေးခြင်းပုံစံဖြင့် အများပြည်သူ၏ ယုံကြည်မှု တည်ဆောက်ခြင်း၊ သတင်းအချက်အလက် ဖြန့်ဖြူး ရေးအတွက် သတင်းအရည် အသွေး မြှင့်တင်ခြင်း၊ သတင်း အချက်အလက်များကို ပွင့်လင်း မြင်သာစွာဖြင့် နည်းပညာအသုံးပြု ဆောင်ရွက်ပေးခြင်း စသည့် အများပြည်သူအတွက် သတင်း အချက်အလက် သိရှိပိုင်ခွင့်ဆိုင်ရာ များအား ထိုင်းနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆွေးနွေးမှုများနှင့်အတူ မြန်မာ နိုင်ငံမှ တက်ရောက်သူများက လည်း လုပ်ငန်းအတွေ့အကြုံများ ကို မျှဝေဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်



