ကမ္ဘာလှည့်ခရီးသွားနှင့် စီးပွားရေးအခွင့်အလမ်းများမြှင့်တင်ရန် MAI လေကြောင်းလိုင်းနှင့် ပြည်တွင်းရှိ အဓိကအဖွဲ့အစည်း‌လေးခုတို့ သ‌ဘောတူညီမှုလက်မှတ်‌ရေးထိုး   

ရန်ကုန်    ဇွန်    ၂ 
ကမ္ဘာလှည့်ခရီးသွားနှင့်စီးပွားရေး လုပ်ငန်းအခွင့်အလမ်းများ မြှင့်တင် စေရန် MAI လေကြောင်းလိုင်းနှင့် စီးပွားရေးမိတ်ဖက်များဖြစ်သည့် IMCC (India Myanmar Cham-ber of Commerce)၊ IAM (Indian Association of Myanmar)၊ MAM (Malaysian   Association   of Myanmar) နှင့် SAM (Singapore Association of Myanmar) တို့ အကြား     မဟာဗျူဟာမြောက် စီးပွားဖက် သဘောတူညီချက်ကို ဇွန် ၃၀ ရက် ညပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်  ပြည်လမ်း  Inter-national Business Center(IBC)ရှိ   Cabin88 - Restaurant    & Lounge   ၌    လက်မှတ်‌ရေးထိုး ကြသည်။ 
အဆိုပါ စီးပွားသဘောတူညီ ချက်အရ MAI လေကြောင်းလိုင်း နှင့်      စီးပွားဖက်လေးခုအကြား  ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာ လာရန်အပြင် မြန်မာနိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားနှင့် စီးပွားရေး  လုပ်ငန်း   အခွင့်အလမ်းများကို မြှင့်တင်ပေးရန်လည်း ရည်ရွယ် ချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။               
ယင်းသဘောတူညီချက်အရ စီးပွားရေး   အဖွဲ့အစည်းများဖြစ် သည့် IAM ၊ IMCC၊ MAM  နှင့် SAM တို့၏   အဖွဲ့ဝင်များကို    MAI  က သီးသန့်အခွင့်အလမ်းကောင်းများ  ကမ်းလှမ်းမည့်အပြင် ၎င်းတို့စီစဉ် သည့် စီးပွားရေးပွဲများနှင့် လှုပ်ရှား မှုများတွင်လည်း     ထောက်ပံ့ ပေးမည်ဖြစ်သည်။   အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း (MAI)  အနေဖြင့်   နိုင်ငံတကာခရီးစဉ် သစ်များကို    တိုးချဲ့ပြေးဆွဲလျက် ရှိပြီး ရန်ကုန်မှ အိန္ဒိယနိုင်ငံ ချန်နိုင်း မြို့  ခရီးသစ်ကိုလည်း  ပြီးခဲ့သည့်‌ မေ  ၆  ရက်မှစတင်၍  ပျံသန်း‌ ပြေးဆွဲလျက်ရှိသည်။ ယခု‌ မေလ အတွင်း   စင်ကာပူနိုင်ငံ၊    ဆိုးလ်- အင်ချွန်းမြို့နှင့်     ဒူဘိုင်းတို့ကို‌ လေကြောင်းခရီးစဉ်ပျံသန်းမှုများကို အကြိမ်‌ရေတိုးချဲ့‌ပြေးဆွဲမည် ဖြစ်‌ကြောင်း သိရသည်။      
အပြည်ပြည်ဆိုင်ရာ    မြန်မာ လေကြောင်း   MAI မှ  ရန်ကုန်နှင့်   မန္တလေးမြို့များကို   အခြေပြု၍ မြန်မာနိုင်ငံအတွင်းရှိ   မြို့များ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေး ရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊  အိန္ဒိယ နိုင်ငံ၊ ယူအေအီး၊ ကမ္ဘောဒီးယား နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊  တောင် ကိုရီးယားနိုင်ငံ စသည့်မြို့‌ပေါင်း ၂၇  မြို့တို့ကို‌ လေယာဉ် ၁၀ စင်း ဖြင့်‌  ပြေးဆွဲပေးနေကြောင်း သိရ သည်။                   အာကာလင်း