ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲများကျင်းပ

 

ပျဉ်းမနား 


ပြည်ထောင်စုနယ်မြေ နေပြည် တော် ပျဉ်းမနား​ခရိုင်  မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ ခွေးရူးရောဂါကာကွယ်တိုက်ဖျက် ရေးနေ့  အထိမ်းအမှတ်အဖြစ် အသိပညာပေး    ဟောပြောပွဲကို စက်တင်ဘာ ၂၇ ရက်က  ပျဉ်း မနားမြို့နယ် အမှတ်(၃)အခြေခံ ပညာ   အထက်တန်းကျောင်း၌ ကျင်းပသည်။       

 

        
ရှေးဦးစွာ    ပြည်ထောင်စု နယ်မြေ နေပြည်တော် မွေးမြူရေး နှင့်  ကုသရေးဦးစီးဌာနမှ   တိုင်း ဦးစီးမှူး ဒေါက်တာစံထွန်းဝေ က အမှာစကားပြောကြားပြီး မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန   (ရုံး ချုပ်) ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ   အောင်ထွန်း  က      ခွေးရူးရောဂါ   ကာကွယ်တားဆီး ရေးအတွက်  သိကောင်းစရာများ၊ လူတွင် ခွေးကိုက်ခံရပါက ခွေးရူး ပြန်ရောဂါမဖြစ်အောင် ကာကွယ် သည့်  နည်းလမ်းများ၊   လူတွင် ခွေးရူးရောဂါကာကွယ်ဆေး မဖြစ် မနေထိုးရမည့် အခြေအနေတို့ကို  ရှင်းလင်းဟောပြောသည်။           

 

                   
ထို့နောက် ခွေးရူးပြန်ကာကွယ် ရေးအကြောင်း  သိကောင်းစရာ များကို မေးမြန်းရာ ကျောင်းသား ကျောင်းသူများက ဖြေကြားခဲ့ပြီး ဆုရရှိသူများအား နေပြည်တော်   မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန   ပြည်သူ့  ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး   ဒေါက်တာအောင်ထွန်းက အမှတ် တရလက်ဆောင်များ    ပေးအပ် ကာ    လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခဲ့သည်။                    

သီရိ

 


လွိုင်ကော် 


စက်တင်ဘာ   ၂၈   ရက်တွင် ကျရောက်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ကယားပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူးရုံး   အစည်းအဝေးခန်းမ ၌    ယနေ့နံနက်ပိုင်းက    ကျင်းပ သည်။

 


အခမ်းအနားတွင် ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး        ညွှန်ကြားရေးမှူး ဒေါက်တာ  ဝင်းဦးက     ခွေးရူး ရောဂါနှင့်ပတ်သက်၍    ကူးစက် မှုနှင့် ကာကွယ်ရမည့်နည်းလမ်း များ ဟောပြောသည်။ ဆက်လက် ၍ လွိုင်ကော်မြို့နယ် မွေးမြူရေး နှင့်  ကုသရေးဦးစီးဌာန   ဦးစီးမှူး        ဒေါက်တာ   တိုးညွန့်က        ခွေးရူး ရောဂါ    ကာကွယ်တားဆီးရေး လက်ကမ်းစာစောင်များကို  အခမ်း အနားသို့   တက်ရောက်လာသူများ ကို ဖြန့်ဝေပေးသည်။

 


အခမ်းအနား      အပြီးတွင် လွိုင်ကော်မြို့ပေါ်ရှိ    ခွေး   ၂၇ ကောင်ကို ခွေးရူးရောဂါကာကွယ် ဆေး      အခမဲ့ထိုးနှံပေးခဲ့ပြီး  ဆက်လက်၍ ကျန်ရှိသော ခွေးများ အား     ခွေးရူးရောဂါကာကွယ် ဆေး    အခမဲ့ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ကိုဇင် (လွိုင်ကော်)