ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်

 

မင်းလှ   ဧပြီ   ၂၈


ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာန    ကမ္ဘာ့ ကာကွယ် ဆေးထိုးနှံ/တိုက်ကျွေး ခြင်း     ရက်သတ္တပတ်လှုပ်ရှားမှု အဖြစ် မွေးကင်းစ ကလေးငယ်များ နှင့်   အသက်  နှစ်လမှ   သုံးနှစ် အောက်    ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေး ပေးခြင်းကို        ယမန်နေ့က ဆောင်ရွက်ပေးကြသည်။

 


ကာကွယ်ဆေး ထိုးနှံ/တိုက် ကျွေးခြင်း ကို   မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း    ကြီးကြပ်မှု ဖြင့်   ကျန်းမာရေးဝန်ထမ်းများက ပြည်သူ့ကျန်းမာရေး    ဦးစီးဌာန  လက်အောက်ရှိ    မိခင်နှင့်ကလေး ကျန်းမာရေးဌာနခွဲ၊   ကျေးလက် ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင်  မွေးကင်းစ  ကလေးငယ်များနှင့်    ကာကွယ်ဆေးထိုးနှံရန် ပျက်ကွက် ခဲ့သော  အသက် နှစ်လမှ   သုံးနှစ် အောက်   ကလေးငယ်များကို      ပြန်လည်ခေါ်ယူ၍ ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးသည်။

 


အဆိုပါ ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းရက်သတ္တ ပတ်လှုပ်ရှားမှုကို ဧပြီ ၂၄ ရက်မှ ၃၀ ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။  

       
မြို့နယ်(ပြန်/ဆက်)