ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

 

လွိုင်ကော်      အောက်တိုဘာ  ၅


ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို   ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့   ပညာရေးမှူးရုံး  ပညာ့ဗိမာန်ခန်းမ၌    ကျင်းပရာ ကယားပြည်နယ်         ဝန်ကြီးချုပ်    ဦးဇော်မျိုးတင်၊    ဒေသကွပ်ကဲမှု       စစ်ဌာနချုပ် (လွိုင်ကော်)၊ဒေသကွပ်ကဲရေးမှူး၊   ပြည်နယ်   အစိုးရအဖွဲ့ဝင်များ၊   ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ  ပညာရေးမှူးများနှင့်    ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများ နှင့်  ကျောင်းသား ကျောင်းသူများ    တက်ရောက်ကြသည်။

 


ရှေးဦးစွာ     လွိုင်ကော်မြို့ အမှတ်(၇)အခြေခံပညာ အထက် တန်းကျောင်း        ကျောင်းသား  ကျောင်းသူများက   “မြတ်ဆရာ” သီချင်းဖြင့်      သီဆိုဖွင့်လှစ်ကြ ပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ကမ္ဘာ့ဆရာများနေ့   အထိမ်း အမှတ်   အခမ်းအနားသို့  ပေးပို့ သည့် သဝဏ်လွှာကို   ပြည်နယ် ဝန်ကြီးချုပ်က  ဖတ်ကြားသည်။

 


ထို့နောက်          ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ငါးဖွဲ့၏ အဖွဲ့ ခေါင်းဆောင်များက    ကမ္ဘာ့ဆရာ များနေ့   အထိမ်းအမှတ်   အခမ်း အနားသို့ ပေးပို့သော   စုပေါင်း  သဝဏ်လွှာကို   ပြည်နယ်  ပညာ ရေးမှူး       ဒေါက်တာကျော်လွင် က ဖတ်ကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်       တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့်    စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင်    ဆုရရှိ သော   အခြေခံပညာအထက်တန်း ဆင့်နှင့်         အလယ်တန်းဆင့် ကျောင်းသား   ကျောင်းသူများအား ဂုဏ်ပြုဆုများ       ချီးမြှင့်ကြပြီး ပြည်နယ်ပညာရေး        ဦးစီးဌာန တွင်     တာဝန်ထမ်းဆောင်ခဲ့သော အသက်(၇၀)နှစ်နှင့်       အထက် အငြိမ်းစား       ဆရာကြီးများအား ဂါရဝလက်ဆောင်များ     ပေးအပ် ကြသည်။

 


ဆက်လက်၍    အခမ်းအနား သို့ တက်ရောက်လာကြသူများက လွိုင်ကော်မြို့  အမှတ်(၂)အခြေခံ ပညာ     အထက်တန်းကျောင်း  ကျောင်းသား   ကျောင်းသူများ၏“ခွင့်လွှတ်ပါဆရာ”    တေးသရုပ် ဖော်ဖြင့်    ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး   အခမ်းအနား သို့     တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား  ကျောင်းသူများအား  ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်  အားပေးစကား ပြောကြားကြောင်း သိရသည်။

 


ပြည်နယ်(ပြန်/ဆက်)