
မုံရွာ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ သည် ယမန်နေ့က ကလေးမြို့ ကလေးတက္ကသိုက် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာန မှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် သည်။
ဆက်လက်၍ ကလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းက ကလေးတက္ကသိုလ် သင်ကြားရေး၊ အုပ်ချုပ်ရေး၊ သန့်ရှင်းသပ်ရပ်ရေး များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ ပါမောက္ခချုပ်ဆရာကြီးထံ ကလေး တက္ကသိုလ်ရှိ ဆရာ ဆရာမများအတွက် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကလေးမြို့ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူ များ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် အားပေးကာ ကျောင်းအုပ်ဆရာကြီးထံ ငွေကျပ် ငါးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် နှာခေါင်းစည်း ၂၅၀၀ အား ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် ကလေးမြို့ စီမံအုပ်ချုပ် ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးမြို့ ခုတင် ၃၀၀ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင် နေကြသော ဆရာဝန်၊ သူနာပြုများနှင့် ဝန်ထမ်း များ၊ ဆေးကုသမှုခံယူနေသော လူနာများအတွက် ငွေကျပ် ငါးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် အောက်ဆီဂျင်ထုတ်စက် ငါးလုံး၊ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၂၀ အား ဆေးရုံအုပ်ကြီးထံ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကလေးမြို့ မင်္ဂလာဥယျာဉ်ကျေးရွာရှိ တောင်သူ ဦးမောင်မျိုး ကွင်းအမှတ် ၈၄၃ ၊ စပါး မျိုးကွဲ ဧရာမင်း ဧက ၄ ဒသမ၅၀ ၊ အလယ်အလတ် အဆင့်ရှိ မိုးစပါးစံကွက်ရိတ်သိမ်းမှုအား ကြည့်ရှု အားပေးပြီး ယင်းနေရာအနီးတွင် ဒေသခံတောင်သူ ၆၇ ဦး စိုက်ပျိုးထားသည့် လယ်မြေ ၃၂၈ ဧက အား အကျိုးပြုမည့် အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ ကျောက်ခင်း ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး အတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)