ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့် ဘာသာရေးအဖွဲ့အစည်းများထံ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးအစီအစဉ်တွင် ပူးပေါင်းကြရေး တိုက်တွန်းဆွေးနွေး

 

ဗန်းမော်    ဒီဇင်ဘာ   ၁၁


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၀   ရက်က ပရိယတ္တိစာသင်တိုက်များ၊  ဘာသာရေး အဖွဲ့အစည်းများနှင့်   သွားရောက်တွေ့ဆုံ လှူဒါန်းကြသည်။
 

ရှေးဦးစွာ   ပြည်နယ်ဝန်ကြီး ချုပ်သည် ဗန်းမော်မြို့     ခွန်သာ ရပ်ကွက် မြို့လေးထပ် ပရိယတ္တိ စာသင်တိုက်သို့       သွားရောက် ပြီး   ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ   လှူဖွယ် ပစ္စည်းများနှင့်   ဝတ္ထုငွေကျပ်  နှစ်သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြ ကာ    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး    အစီအစဉ်တွင် ကျောင်းနေသံဃာ တော်များ၊    ကျောင်းသားများ အား  ပြည့်မီစွာ ထိုးနှံပေးနိုင်ရေး လျှောက်ထားတင်ပြပြီး   လိုအပ် ချက်များကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။

 


ထို့နောက်  ပြည်နယ်ဝန်ကြီး ချုပ်သည်   မင်းကုန်းရပ်ကွက်ရှိ သီရိမင်္ဂလာကန်ဦး ပရိယတ္တိစာသင် တိုက်၊    သိမ်တော်ကြီးပရိယတ္တိ စာသင်တိုက်တို့ကို သွားရောက်ပြီး ကျောင်းထိုင်  ဆရာတော်တို့အား ဖူးမြော်ကြည်ညိုကာ    လှူဖွယ် ပစ္စည်းများနှင့်         ဝတ္ထုငွေကျပ် နှစ်သိန်းစီကို  ပေးအပ်လှူဒါန်းခဲ့ ကြသည်။

 


အလားတူ      ဗန်းမော်မြို့ ကတ်သလစ်အသင်းတော်  ဘုန်း တော်ကြီးရုံးနှင့်      ဗန်းမော်ခရိုင် နှစ်ခြင်းခရစ်ယာန်အသင်းချုပ်တို့က ဘာသာရေးခေါင်းဆောင်များကို သွားရောက်တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်က   ကိုဗစ်-၁၉  ကပ် ရောဂါကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်   ကိုဗစ် ကာကွယ်ဆေးထိုးအစီအစဉ်တွင် ပြည်သူများအားလုံး ပူးပေါင်းပါဝင် ထိုးနှံစေရေးဘာသာရေးအဖွဲ့များ အနေဖြင့် ပူးပေါင်းပါဝင်တိုက်တွန်း   နှိုးဆော်ပေးနိုင်ရေး     အတွက်     ဆွေးနွေးကြရာ အသင်းတော်များ အတွက်   ခရစ္စမတ်လက်ဆောင် လှူဖွယ်ပစ္စည်းများနှင့်   ငွေကျပ် နှစ်သိန်းစီကို    ပေးအပ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)