ကချင်ပြည်နယ်ဝန်ကြီးချုပ် ယာယီတိုက်ပွဲရှောင်စခန်းများမှ နေရပ်ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်ကြသည့် အိမ်ထောင်စုများအား ထောက်ပံ့

 

ဝိုင်းမော်    ဧပြီ    ၂၀


ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေရပ်စွန့်ခွာ ပြည်သူများ  ပြန်လည်နေရာချထားရေးနှင့်   မူလ နေရပ်ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်နိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြစ်ကြီး နားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ IDPs စခန်း များမှ  ၎င်းတို့၏ မူလကျေးရွာ    ဝိုင်းမော်မြို့နယ် အတွင်းရှိ ဂါးရာယန်၊ ကဇူးနှင့် ဒဘတ်ယန်ကျေးရွာ များသို့     ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြသည့် အိမ်ထောင်စုများအား ဧပြီ ၂၀ ရက် နံနက် ၇ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။

 


ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊   ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့ နယ်အတွင်း ဂါးရာယန်ကျေးရွာသို့ သွားရောက်ပြီး ဂါးရာယန်ကျေးရွာတွင် ပြန်လည်ရွှေ့ပြောင်းနေထိုင် ကြသည့် အိမ်ထောင်စု ၈၃ စုအတွက် ထောက်ပံ့ငွေ ကျပ်   ၈၃  သိန်းနှင့် ဒေသခံအလှူရှင်များက ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ငွေကျပ်သိန်း ၆၀၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ    ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ(VDP)အတွက်  ကျပ်သိန်း   ၁၅၀၊ ပြည်နယ်အားကစားနှင့်ပညာဦးစီးဌာနက   အား ကစားပစ္စည်းမျိုးစုံ၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက သီးနှံမျိုးစေ့မျိုးစုံနှင့်      ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးအထောက်အကူပြု ဆေးဝါးများကို ထောက်ပံ့ပေးအပ်သည်။

 


ယင်းနောက်  ကဇူးကျေးရွာသို့    ပြန်လည် ရွှေ့ပြောင်းနေထိုင်ကြသည့်    အိမ်ထောင်စုများမှ ထောက်ပံ့ရန်လိုအပ်သည့် အိမ်ထောင်စု  ၁၂  စုတို့ အတွက် ထောက်ပံ့ငွေကျပ် ၁၂ သိန်း၊ ဒေသခံအလှူ ရှင်များက ထောက်ပံ့ငွေကျပ် သိန်း ၆၀ ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုး ရေး စီမံကိန်းရန်ပုံငွေ (VDP)အတွက် ကျပ်သိန်း ၁၅၀၊ အားကစား ပစ္စည်းမျိုးစုံ၊ သီးနှံမျိုးစေ့များနှင့် မွေးမြူ ရေးအထောက်အကူပြုဆေးဝါးများကို   အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 


ဆက်လက်၍        ပြည်နယ်ဝန်ကြီးချုပ်က ရွှေ့ပြောင်းနေထိုင်ကြသည့်  အိမ်ထောင်စုများထဲမှ ထောက်ပံ့ပေးရန်ကျန်ရှိသည့် အိမ်ထောင်စု ၁၃၄ စုတို့အတွက် ငွေကျပ် ၁၃၄ သိန်း၊ ဒေသခံအလှူရှင် များက  ငွေကျပ်သိန်း ၆၀ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက    ကျေးရွာဖွံ့ဖြိုးရေးစီမံ ကိန်း ရန်ပုံငွေကျပ်သိန်း ၁၅၀၊ အားကစားပစ္စည်းများ၊ သီးနှံမျိုးစေ့များနှင့် မွေးမြူရေးအထောက်အကူပြု ဆေးဝါးများကို  အသီးသီး   ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။          
 

ပြည်နယ်(ပြန်/ဆက်)