ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲ၊ ဂတ်ရှန်ယန်ကျေးရွာတည်ထောင်ခြင်း နှစ်(၅၀)ပြည့် ကျောက်စိမ်းကျောက်စာကမ္ပည်းတိုင်နှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်

 

မြစ်ကြီးနား  ဖေဖော်ဝါရီ   ၁၁


ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို   ဂုဏ်ပြုသောအားဖြင့်   လူထု စုပေါင်းစက်ဘီးစီးနင်းပွဲ၊ ဂတ်ရှန်ယန်ကျေးရွာ တည်ထောင်ခြင်း  နှစ်  (၅၀)  ပြည့်   ကျောက်စိမ်း ကျောက်စာကမ္ပည်းတိုင်နှင့်     ရွာတွင်းကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ   အခမ်းအနားများကို  ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပသည်။

 


ရှေးဦးစွာ   လူထုစုပေါင်း     စက်ဘီးစီးနင်းပွဲ ကို  မနက်  ၇  နာရီတွင်  မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်းရှေ့မှ စတင်တာလွှတ်ရာ ပြည်နယ် ဝန်ကြီးချုပ်    ဦးခက်ထိန်နန်၊   ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် ဝန်ကြီးများ၊    ပြည်နယ်အဆင့်    ဌာနဆိုင်ရာများ က    အားပေးကြပြီး     စက်ဘီးစီးသူများသည် အားကစားကွင်းရှေ့စုရပ်မှ ရုံးကြီးလမ်း၊ သခင်နက် ဖေ   လမ်းတစ်လျှောက်    ဘူတာရုံရှေ့မှတစ်ဆင့် အဆိုပါ  လမ်းကြောင်းအတိုင်း  အားကစားကွင်း အတွင်း  ပြန်လည်ဝင်ရောက်ကြပြီး  ဘောလုံးကွင်း ပြေးလမ်း၌ စီးနင်းကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

 


ထို့နောက် ပြိုင်ပွဲဝင်များအား ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကလေးစီးစက်ဘီး နှစ်စီးအပါအဝင် အိမ်သုံးပစ္စည်း များကို မဲဖောက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်   မြစ်ကြီးနားမြို့နယ်အတွင်းရှိ    ဂတ်ရှန်ယန် (လွယ်ခေါ) ကျေးရွာ   တည်ထောင်ခြင်း နှစ် (၅၀)  ပြည့်  ရွှေရတုဂျူဗလီ  အထိမ်းအမှတ် ကျောက်စိမ်းကျောက်စာကမ္ပည်းတိုင်နှင့် ပြည်နယ် ဘဏ္ဍာရန်ပုံငွေကျပ်   သန်း     ၄၀၀     ကျော်ဖြင့် ဆောင်ရွက်ပေးခဲ့သည့်   ၀  ဒသမ  ၄   မိုင်အရှည် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ      အခမ်းအနားသို့ တက်ရောက်သည်။

 


အခမ်းအနားတွင်       ပြည်နယ်ဝန်ကြီးချုပ်က ၁၉၇၂ ခုနှစ်မှ  စတင်တည်ထောင်ခဲ့သည့် ဂတ်ရှန်ယန် ကျေးရွာသည် ယနေ့ဆိုလျှင်  နှစ်  ၅၀ ပြည့်မြောက် ခဲ့ပြီဖြစ်သည့်အပြင်  အိမ်ခြေ   ၅၈၀၊ လူဦးရေ ၄၀၀၀ ကျော်ရှိသည့်  ရွာကြီးတစ်ရွာဖြစ်လာသည့်အတွက်   ကျေးရွာ၏   စိုက်ပျိုးမွေးမြူရေးနှင့်   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်  အားလုံးက  ညီညီညွတ်ညွတ် ဖြင့် ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ကြောင်း၊ ကျေးရွာ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို  မိမိတို့အစိုးရ အဖွဲ့၊  ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ ထို့အပြင်   မိမိတို့အစိုးရအဖွဲ့ အနေဖြင့်   မြို့ပြနှင့်  ကျေးလက်ဖွံ့ဖြိုးမှုကွာဟခြင်း ကို   လျှော့ချရေးနှင့်   ကျေးလက်နေတောင်သူများ ဘဝ  တိုးတက်မြင့်မား ရေးကို     ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

 


ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျန်းခေါ က ကျေးဇူးတင်စကားပြောကြားကာ သိက္ခာတော်ရ ဆရာဦးမရစ်လခေါင်နှင့် ဦးယောဆက်တို့က ဖွင့်ပွဲ အတွက် ဆုတောင်းဆက်ကပ်အပ်နှံပေးပြီး ကျောက် စိမ်း ကျောက်စာကမ္ပည်းတိုင်နှင့် ကွန်ကရစ်လမ်းဖွင့်ပွဲ အထိမ်းအမှတ်မုခ်ဦးအား   ပြည်နယ်စီးပွားရေးရာ ဝန်ကြီး   ဦးမျိုးဆွေ၊   သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ကျောက်စိမ်း ကျောက်စာကမ္ပည်း တိုင် အလှူရှင်  ဒေါက်တာဘွမ်ယွမ်နှင့်   ကျေးရွာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် သိက္ခာ တော်ရဆရာများက ကျေးရွာတည်ထောင်ခြင်း နှစ် ၅၀ ပြည့် ကျောက်စိမ်း ကျောက်စာကမ္ပည်းတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။

 


ထို့နောက်   ဌာနဆိုင်ရာ  တာဝန်ရှိသူများက ကျေးရွာအတွက် ဆောင်ရွက်ပေးခဲ့သည့် ကုန်ထုတ် လမ်းနှင့် ဆက်လက်ဆောင်ရွက်ပေးရမည့် လုပ်ငန်း စီမံကိန်းများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေး မှာကြားသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီး နားမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့်   စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ  (မြစ်ကြီးနား)  ၏   ပဉ္စမအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲသို့    တက်ရောက် အမှာစကားပြောကြားသည်။

 


ထို့နောက် ကျောင်းအုပ်ကြီး၊ ကျောင်းစီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊   ပညာရေးအဖွဲ့ဝင်များက   ဒီပလိုမာ အပ်နှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် (၂၀၂၂ ခုနှစ်)အတွက် ကျောင်းဆင်း   ၆၀  တို့အား   စိုက်ပျိုး‌ရေးဒီပလိုမာအောင်လက်မှတ်များ    အပ်နှင်းခဲ့ပြီး     စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်း ဆင်းများမှ      စိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသား    ကျောင်းသူ     ခြောက်ဦးအနက် အမှတ်အများဆုံးရရှိသူ သုံးဦးအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။   


ပြည်နယ်(ပြန်/ဆက်)