ကချင်ပြည်နယ်တရားလွှတ်တော်ရုံး ဆောက်လုပ်နိုင်ရေးအတွက် လျာထားမြေနေရာများကို ကွင်းဆင်းစစ်ဆေး

 

မြစ်ကြီးနား  အောက်တိုဘာ  ၁၀


ကချင်ပြည်နယ်   တရားလွှတ်တော်ရုံး   ဆောက်လုပ်ရန် မြေနေရာရရှိရေးအတွက်   ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်    ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊   ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  အောက်တိုဘာ ၉ ရက်က ကွင်းဆင်းစစ်ဆေးသည်။ 


ပြည်နယ်ဝန်ကြီးချုပ်၊           ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့်          အဖွဲ့ဝင်များ သည်    မြစ်ကြီးနားမြို့    မန်ခိန်ရပ်ကွက်အတွင်းရှိ   ကွင်းအမှတ်-၄ ယောရင်းကွင်းမှ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနပိုင်မြေ  ၆၀ ဒသမ ၉၂၀  ဧကနှင့်  အေးမြ သာယာရပ်ကွက်အတွင်းရှိ  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနပိုင်   ဘောလုံးကွင်းဘေးရှိ မြေနေရာတို့ကို   ကြည့်ရှုစစ်ဆေးကြပြီး   ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည့်  မြေနေရာအကျယ်အဝန်း ရရှိနိုင်ရေးအတွက်   ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်တင်ပြရန်      တာဝန်ရှိသူများအား    မှာကြားသည်။      

             
ပြည်နယ်(ပြန်/ဆက်)