ကချင်ပြည်နယ်ရိုးရာယဉ်ကျေးမှုအဖွဲ့ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၃


နေပြည်တော်၌   ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့  ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် ကချင်ပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့သည်   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။ 

 


ရှေးဦးစွာ   ကချင်ပြည်နယ် ရိုးရာယဉ်ကျေးမှု          အဖွဲ့သည် မြန်မာ့     ကျောက်မျက်ရတနာ ပြတိုက် (နေပြည်တော်)သို့ သွား ရောက်၍ ပြခန်းမဆောင်အတွင်း ခင်းကျင်း       ပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့်  သယံဇာတပစ္စည်း များကို လေ့လာကြည့်ရှုကြသည်။ 

 


ထို့နောက်  ယဉ်ကျေးမှုအဖွဲ့ သည်  နေပြည်တော်  လွှတ်တော် အဆောက်အအုံများကို  ဆက် လက်လေ့လာကြရာ ပြည်ထောင်စု လွှတ်တော်            ဧည့်ကြိုဆိုရေး အဆောင်၌       ပြသထားသည့်  မြန်မာ့ရိုးရာယဉ်ကျေးမှု အထိမ်း အမှတ်ဖြစ်သော    ယွန်းထည် ဆွမ်းအုပ်ကြီးနှင့် သစ်အမျိုးအစား ၉၂   မျိုးတို့ကို    ကြည့်ရှုကြပြီး မှတ်တမ်း   တင်ဓာတ်ပုံများရိုက်ကြ သည်။ 

 


ယင်းနောက်      ပြည်ထောင်စု လွှတ်တော်  အစည်းအဝေးခန်းမ၊ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမနှင့် အမျိုးသားလွှတ်တော် အစည်းအဝေး       ခန်းမများသို့ လေ့လာကြရာ တာဝန်ရှိသူများက လွှတ်တော်အသီးသီး၏  လုပ်ငန်း ဆောင်ရွက်ပုံနှင့် လွှတ်တော်ရေးရာ ဗဟုသုတများကို             ရှင်းလင်း ပြောကြားသည်။

 


ထိုမှတစ်ဆင့် ယဉ်ကျေးမှုအဖွဲ့ သည် အမျိုးသားပြတိုက်၊ ဆာဖာရီ ဥယျာဉ်နှင့်  တပ်မတော်စစ်သမိုင်း ပြတိုက်များသို့လည်း ဆက်လက် လေ့လာ    ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်