ကချင်ပြည်နယ်၌ (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

မြစ်ကြီးနား  အောက်တိုဘာ  ၁


၂၀၂၂ ခုနှစ်   အောက်တိုဘာ   ၁ ရက်တွင် ကျရောက်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၈) နှစ် မြောက် နှစ်ပတ်လည်နေ့   အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်က ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာ စကားပြောကြားပြီး   ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွန်းက       မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်  ဗိုလ်ချုပ် ဇင်မင်းထက်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

 


ယင်းနောက်      ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်     တိုင်းမှူး ဗိုလ်ချုပ်    ကိုကိုမောင်နှင့်    ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်  အောင်မျိုးဦးတို့က   ရဲဗလဆု ရရှိခဲ့သော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့်   ဂုဏ်ပြုဆုများကို   ပေးအပ်ချီးမြှင့်  ပြီး(ယာပုံ) ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန် ရှိသူများက ရဲဗလဆုရ တပ်ဖွဲ့ဝင်များ၊ လုပ်ငန်း တာဝန်များကို စွမ်းစွမ်းတမံ  ဆောင်ရွက်ခဲ့ကြ သည့် တပ်ဖွဲ့ဝင်များ၊ ၂၀၂၂ ခုနှစ် လေ့ကျင့်ရေး နှစ်အတွင်း  ဖွင့်လှစ်ခဲ့သော  သင်တန်းများတွင်  ထူးချွန်ဆုရတပ်ဖွဲ့ဝင်များ၊ အားကစားပြိုင်ပွဲ များတွင် ထူးချွန်တပ်ဖွဲ့ဝင်များနှင့် ဆုရမိသားစု ဝင်များအား ဂုဏ်ပြုဆုများကို   ချီးမြှင့်ကြောင်း သိရသည်။


ပြည်နယ် (ပြန်/ဆက် )