
မြစ်ကြီးနား နိုဝင်ဘာ ၂၁
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ကချင်ပြည်နယ်၏ ‘‘တူယှဉ်နွှဲပျော် ဂီတပွဲတော်’’ တေးသီချင်းသီဆိုမှုပြိုင်ပွဲကို နိုဝင် ဘာ ၂၁ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုအဆိုပြိုင်ပွဲ သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅) နှစ် မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကို ဂုဏ်ပြုသည့် အစီအစဉ်ဖြစ် ကြောင်း၊ ‘‘တူယှဉ်နွှဲပျော် ဂီတ ပွဲတော်’’ တေးသီချင်းသီဆိုပြိုင်ပွဲ နှင့် ဖျော်ဖြေပွဲတွင် ကချင် ပြည်နယ်ကိုယ်စားပြု ယှဉ်ပြိုင် နိုင်ရန်အတွက် အဆိုပညာရှင်များ ရွေးချယ်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပြိုင်ပွဲကို (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ပြည်သူများ မှတ်မှတ်ထင်ထင် သိရှိစေပြီး စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် ထွန်းကားပြန့်ပွားစေ ရန်နှင့် ကိုဗစ်ရောဂါကာလအတွင်း ကိုယ်စိတ် နွမ်းနယ်လျက်ရှိသည့် ပြည်သူများအား ဖျော်ဖြေပေးနိုင် ရန်အတွက် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အကဲဖြတ် အမှတ်ပေးဒိုင်တစ်ဦးက ပြိုင်ပွဲ စည်းကမ်းများနှင့် အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်းပြော ကြားပြီး မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဒေါ့ဖုန်းယန်မြို့နယ်တို့မှ အဆိုရှင် ခြောက်ဦးတို့က Grandfinal အဆင့်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ရာ ကချင်ပြည်နယ် ကိုယ်စားပြု ဖြစ် အဆိုရှင် သုံးဦးအား စိစစ် ရွေးချယ်ခဲ့သည်။
ထို့နောက် ပြည်နယ်၀န်ကြီး ချုပ်နှင့် ပြည်နယ်၀န်ကြီးများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆုရရှိသော အဆိုရှင် များနှင့် အကဲဖြတ်ဒိုင်လူကြီးများ ကို ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို နို၀င်ဘာ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အသက် ၁၈ နှစ်မှ အသက် ၅၀နှစ် အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုလျှင် အဆိုရှင် သုံးဦးနှုန်းဖြင့် စုစုပေါင်း ၄၅ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)