ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့၌ ပထမဦးဆုံးစာကြည့်တိုက် ဖွင့်ပွဲကျင်းပ

 

 

ခေါင်လန်ဖူး  အောက်တိုဘာ  ၃၀


ကချင်ပြည်နယ်    ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့၌    ပထမဦးဆုံး ဖြစ်သော အကြီးကိုကို  စာကြည့် တိုက် (၆) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်း က   အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်  ဦးခက်ထိန်နန်       တက်ရောက် ဖွင့်လှစ်ပေးသည်။

 


ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်က  ယခုစာကြည့်တိုက်ဖွင့်ပွဲ သည်    ခေါင်လန်ဖူးမြို့အတွက် ပထမဦးဆုံးစာကြည့်တိုက်အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပြီဖြစ် ကြောင်း၊ ဒေသခံတိုင်းရင်းလူငယ် များအနေဖြင့်   အသိပညာဗဟု သုတများ   တိုးတက်လာစေရန် နှင့်   အနာဂတ်တိုင်းပြည်    ဖွံ့ဖြိုး တိုးတက်ရေးအတွက်    တစ်ဖက် တစ်လမ်းမှ  အထောက်အကူပြု ရန် စာများများဖတ်ကြရန်လိုအပ် ကြောင်း     အဖွင့်အမှာစကား တွင် ထည့်သွင်းပြောကြားသည်။

 


ထို့နောက်     ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်း ခိုင်နှင့် စာရေးဆရာ အကြီးကိုကို (ကသာ)တို့က စာကြည့်တိုက်ကို    ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က  စာကြည့်တိုက်အတွက် ရန်ပုံငွေကျပ်ငါးသိန်း    ပေးအပ် ခဲ့ပြီး စာရေးဆရာ အကြီးကိုကို (ကသာ)က    ၎င်းရေးသားထား သည့် ‘‘ပြိုပျက်ခဲ့သော သက္ကရာဇ် များ’’ (အင်္ဂလိပ်မြန်မာ)   စာအုပ် အား   အမှတ်တရလက်ဆောင် အဖြစ်  ပြန်လည်ပေးအပ်သည်။  

 


ဆက်လက်၍     စာကြည့်တိုက် အတွက် စာရေးဆရာ အကြီးကိုကို (ကသာ)က    သုတရသစာအုပ် အသစ် ၅၆၀  ပေးအပ်လှူဒါန်းခဲ့ရာ     လီဆူခေါင်းဆောင်        ဦးရွှေလေး နှင့်   လီဆူရိုးရာအတွင်းရေးမှူး ဦးဖူဆီးယဲ့တို့က     ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

 


စာကြည့်တိုက်ဖွင့်ပွဲ  အခမ်း အနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ရဝမ်/  လီဆူတိုင်းရင်းသားခေါင်းဆောင်များ၊     လီဆူရိုးရာ စာပေ၊      ယဉ်ကျေးမှုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ စာပေ ချစ်သူများ  တက်ရောက်ခဲ့ကြ သည်။    ဒေသခံတိုင်းရင်းသား လူငယ်များ    စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ တိုးပွား စေလာရန်ရည်ရွယ်၍ ခေါင်လန်ဖူး မြို့နယ်တွင်       စာကြည့်တိုက် နှစ်ခု၊    နောင်မွန်းမြို့နယ်တွင် တစ်ခု၊ ပူတာအိုမြို့နယ်တွင် သုံးခု စုစုပေါင်း စာကြည့်တိုက်ခုနစ်ခု ဖွင့်လှစ်ပေးခဲ့ကြောင်း၊  စာအုပ် စာပေ ဖတ်ရှုသူ ပိုမိုများပြားလာပါ က စာကြည့်တိုက်များ ဆက်လက် တိုးမြှင့်         ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း၊   စာကြည့်တိုက်များ အတွက် လိုအပ်သည့်    ပရိဘောဂ များ၊   စာအုပ်စာပေများအပြင်   လူငယ် များ     ကျန်းမာကြံ့ခိုင်ရေး အတွက် အားကစားပစ္စည်းများ ကိုလည်း ဆက်လက်လှူဒါန်းပေး သွားမည်ဖြစ်ကြောင်း     စာရေး ဆရာအကြီးကိုကို   (ကသာ)က   ပြောသည်။                      

မောင်မွေး