
ရန်ကုန် ဧပြီ ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန မသန်စွမ်းသက်ကြီးသင်တန်း ကျောင်း(ရန်ကုန်) ၌ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူ များအတွက် တစ်နှစ်သင်တန်းဖြစ်သော အီလက်ထရွန်နစ် သင်တန်းနှင့် သုံးလ သင်တန်း များဖြစ်သော စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသသင်တန်း၊ ကွန်ပျူတာသင်တန်းများကို မေလ ၁၅ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေး မည်ဖြစ်သည်။
အဆိုပါ သင်တန်းများကို တက်ရောက် လိုသူများသည် အမှတ် (၆၅)၊ ကျိုက်ဝိုင်း ဘုရားလမ်း လူမှုဝန်ထမ်း အတတ်သင် သိပ္ပံ ကျောင်းဝင်းအတွင်း၊ မသန်စွမ်းသက်ကြီး သင်တန်းကျောင်း၊ မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁၉၆၆၁၇၁၂၊ ၀၉-၂၅၀၄၀၂၃၉၂ နှင့် ၀၉- ၄၂၁၁၁၀၈၆၇ သို့ (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းနိုင် ကြောင်းနှင့် သင်တန်းတက်ရောက်ခွင့်ရသူ များအတွက် သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း နေထိုင်ရေး၊ စားသောက်ရေး များ စီစဉ်ပေးပြီး သင်ထောက်ကူပစ္စည်း များနှင့် နယ်မှလာရောက်သော သင်တန်း သား သင်တန်းသူများအတွက် ရန်ကုန်မြို့ သို့လာသော ခရီးစရိတ်နှင့် အိမ်ပြန်ခရီး စရိတ်တို့ကို ပံ့ပိုးပေးမည်ဖြစ်သည်။
သတင်းစဉ်