
နေပြည်တော် နိုဝင်ဘာ ၄
မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အာဆီယံ-ကိုရီးယားစင်တာကို ၂၀၀၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ဈေးကွက်မြှင့်တင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ကမ္ဘာအနှံ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု အရှိန်အဟုန်မြင့်မားခဲ့ရာ ခရီးသွားလုပ်ငန်းအပါအဝင် တစ်ကမ္ဘာလုံး၏ လူမှုရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်များလည်း ကျဆင်းခဲ့သည်။
ယခုအခါ ယင်းကပ်ရောဂါမှ ရုန်းထွက်၍ ပြန်လည်ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြရာမှာ အိမ်ရှင်တောင်ကိုရီးယားနိုင်ငံသည် ကိုရီး ယားယဉ်ကျေးမှု၊ အားကစား နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့အစည်း (OECD) နှင့် ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်းတို့ ပူးပေါင်းစီစဉ်မှု ဖြင့် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ခရီးသွားလုပ်ငန်း စာရင်းဇယား၊ အသိပညာနှင့် မူဝါဒကမ္ဘာလုံးဆိုင်ရာဖိုရမ် ၂၀၂၁ (2021 Global Forum on Tou-rism Statistics, Knowledge and Policies) ကို ကျင်းပသည်။
ဖိုရမ်ဖွင့်ပွဲ အခမ်းအနားသို့ ကိုရီးယားယဉ်ကျေးမှု၊ အားကစား နှင့် ခရီးသွားလုပ်ငန်းဝန်ကြီး Mr.Hee Hwang နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှု အဖွဲ့အစည်း(OECD)မှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Mathias Cormann တို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ဖိုရမ်၏ပထမနေ့တွင် ပိုမို ခိုင်မာသောအနာဂတ်ကို ဖော် ဆောင်နိုင်ရန်အတွက် ခရီးသွား လုပ်ငန်းကို မည်ကဲ့သို့ပိုမိုကောင်း မွန်အောင် ပြင်ဆင်ကြမည်ကို ကိုဗစ်-၁၉ ကပ်ရောဂါမှ ရရှိခဲ့ သော သင်ခန်းစာများကိုအခြေခံ၍ ဆွေးနွေးခဲ့ကြရာ ကိုလံဘီယာ နိုင်ငံမှ စီးပွားကူးသန်း၊ စက်မှု နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးနှင့် အီဂျစ်ရှေးဟောင်းနှင့် ခရီးသွား လုပ်ငန်း ဒုတိယဝန်ကြီးတို့ တက် ရောက် အမှာစကားပြောကြား ကြသည်။ ထို့နောက် စကားဝိုင်း ဆွေးနွေးပွဲတွင် ပေါ်တူဂီ၊ တောင် အာဖရိက၊ မက္ကဆီကိုနိုင်ငံများ မှ အဆင့်မြင့်အရာရှိကြီးများ နှင့် အာရှနှင့်ပစိဖိတ်ခရီးသွား လုပ်ငန်းအဖွဲ့အစည်း၊ ဩစတြေးလျ ကုန်သည်များအသင်းနှင့် ဥရောပ အနာဂတ် ခရီးသွားလုပ်ငန်း အေဂျင်စီတို့မှ ခေါင်းဆောင်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဖိုရမ်၏ ဒုတိယနေ့အစီအစဉ် ကို ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ပြန်လည်ထူထောင် လာခြင်းနှင့်အတူ ပိုမိုကောင်းမွန် သော ခရီးသွားလုပ်ငန်းပြန်လည် တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာ ကော်စတာ ရီကာနိုင်ငံ ခရီးသွားလုပ်ငန်း ဝန်ကြီး Mr. Gustavo Segura က Online မှ တက်ရောက်အမှာ စကားပြောကြားခဲ့ပြီး အသင်း အဖွဲ့များမှ အကြီးအကဲများနှင့် အတတ်ပညာရှင်များက စကား ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါဖိုရမ်သို့ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် ဦးဆောင်၍ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနတာဝန်ခံ များနှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စား လှယ်များက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ပါဝင်တက်ရောက်သည်။
ယင်းဖိုရမ်ကို ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရသော စီးပွား ရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု၊ ရာသီဥတုပြောင်းလဲ မှုနှင့် နည်းပညာတိုးတက် ပြောင်းလဲမှုများအပေါ် ရှင်းလင်း ခိုင်မာသောမူဝါဒများဖြင့် တုံ့ပြန် ဖော်ဆောင်နိုင်ရန်၊ အစိုးရများ အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်း များ၏ အကူအညီဖြင့် ခရီးသွား လုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေ ရန်နှင့် တူညီသော ဦးတည်ချက် ဖြင့် မူဝါဒဆိုင်ရာ ပံ့ပိုးမှုများနှင့် အတွေ့အကြုံများကို မျှဝေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်သည်။
သတင်းစဉ်