
နေပြည်တော် ဧပြီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဟော်နန်း အသစ်ဆောက်လုပ်နေမှု အခြေအနေများနှင့် နောင်တုံကန်အတွင်း သဲ၊ နုန်းများ ဆယ်ယူနေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုကြသည်။
လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး
ဦးစွာ ကျိုင်းတုံဟော်နန်းအသစ်အား တာဝန်ယူဆောက်လုပ်နေသည့် မင်းဒင်ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ(ယာပုံ) တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဟော်နန်းဆောက်လုပ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ရှိ နောင်တုံကန်အတွင်းမှ သဲ၊ နုန်းများ အား စက်ယန္တရားကြီးများဖြင့် စုပ်ယူမှုနှင့် နောင်တုံကန်အတွင်း သဲ၊ နုန်းများ စွန့်ပစ်နေရာတွင် သဲ၊ နုန်း ပါဝင်မှုအခြေအနေများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်