ကျိုင်းတုံမြို့နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ  ၁၃


တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊  ဒေသခံ ပြည်သူများအား သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။   


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ    ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)   ကျိုင်းတုံမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့်    အမှတ်(၅)အခြေခံပညာ  အထက်တန်းကျောင်းတို့မှ   ဆရာ ဆရာမများနှင့် ကျောင်းသား  ကျောင်းသူ စုစုပေါင်း ၃၄၀၁ ဦးတို့ကို     တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က   အဆိုပါကျောင်း များရှိ    သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး         ပြင်ဦးလွင်မြို့နယ်ရှိ သံတောင်ကျေးရွာနှင့်  ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၁၇ ပါး၊   သာသနာ့နွယ်ဝင်သီလရှင် ၁၁ ပါးနှင့် ဒေသခံပြည်သူ ၁၁၂ ဦးတို့ကို အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ သာမဏေကျော်တောရ လယ်တီဝိပဿနာ ရိပ်သာ၌လည်းကောင်း အရိုအကြောရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊  မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ကလေး ရောဂါ၊  သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့်  ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ သွေးအုပ်စုများ စစ်ဆေး ပေးခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ များကို     နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး  စီစဉ်ဆောင်ရွက်ပေးသည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှ  တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ  သံဃာတော် များအား   ဝါဆိုသင်္ကန်းနှင့်    လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်