
နေပြည်တော် အောက်တိုဘာ ၁၄
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် မြတ်စွာဘုရား၊ ကင်မွန်းချောင်း တောင်တက် ကားဂိတ်ကို အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက် မိုက်မဲစွာ လာရောက်ပစ်ခတ် ခဲ့မှုကြောင့် ဘုရားဖူးပြည်သူသုံးဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းမီဒီယာ အချို့က တိကျသေချာခြင်းမရှိသော အချက်အလက် များ၊ ပြောကြားချက်များအပေါ်အခြေခံ၍ အကြမ်းဖက် သမားများ၏ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့ မှုအပေါ် အထင်အမြင်လွဲမှားစေနိုင်သော လုပ်ကြံ ဖန်တီးထားသည့် သတင်းဖော်ပြချက်များကို ရေးသားဖော်ပြလျက်ရှိသည်။
အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုများကြောင့် ဘုရားဖူးပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့မှု အခြေ အနေမှန်များကိုသိရှိနိုင်ရန် မျက်မြင်သက်သေများ၊ လုံခြုံရေးကင်မရာများ၊ အကြမ်းဖက်သမားများ ဝင်ရောက်ပစ်ခတ်သည့် လမ်းကြောင်းနှင့် နေရာများ၊ အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့သည့် နေရာများကို အသေးစိတ်စစ်ဆေးခဲ့ရာ အောက်ပါ အတိုင်း တွေ့ရှိခဲ့ရသည်-
(က) KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်း ဖက်သမား ၁၅ ဦးခန့်သည် ဆောင်နိုင်ကြီး ကျေးရွာမှ ကဒတ်ချောင်းတံတားကို ဖြတ်၍ Vego အမျိုးအစား ခဲရောင် မော်တော်ယာဉ်ဖြင့် လာရောက်ပြီး ကင်မွန်းချောင်း တောင်တက်ကားဂိတ်၏ အနောက်နှင့် အနောက်တောင်ဘက် များရှိ ဆိုင်ခန်းများတွင် နေရာယူခဲ့ ကြောင်း။
( ခ ) ဆိုင်ခန်းများအတွင်း ဖြန့်ခွဲနေရာယူကာ တောင်တက်ကားဂိတ်အတွင်းရှိ ယာဉ် အမှတ်၊ 3K-6534 ဘုရားဖူးယာဉ်ပေါ်သို့ ဘုရားဖူးပြည်သူများ တက်ရောက်နေစဉ် လက်နက်ငယ်များဖြင့် အတွဲလိုက်စတင် ပစ်ခတ်ခဲ့ကြောင်း။ ထိုသို့စတင်ပစ်ခတ် ခြင်းကြောင့် ဘုရားဖူးယာဉ်ပေါ်သို့ တက် သည့် စင်ပေါ်မှ အမျိုးသမီးတစ်ဦး၊ ယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦးနှင့် ယာဉ်ပေါ်တက်လှေကား ပထမအဆင့် ပေါ်တက်နေသော အမျိုးသမီးတစ်ဦး၊ စုစုပေါင်း သုံးဦး လက်နက်ငယ် ကျည်ထိ မှန်၍ လဲကျသေဆုံးသွားခဲ့ပြီး ယာဉ်ပေါ် နှင့် ယာဉ်အနီးရှိ ဘုရားဖူးပြည်သူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကာ အမျိုးသမီးတစ်ဦးမှာ စတင်ပစ်ခတ်ချိန် ကျည်ထိမှန်လဲကျ သေဆုံးသွားသည်ကို လုံခြုံရေးကင်မရာ အရ တွေ့ရှိရကြောင်း။ ထိခိုက်ဒဏ်ရာ ရရှိသူ အများစုသည် အဆိုပါဘုရားဖူး ယာဉ်ပေါ်နှင့် အနီးတစ်ဝိုက်ရှိနေသူများသာ ဖြစ်ကြောင်း။
( ဂ ) ရိုင်းစိုင်းယုတ်မာသည့် ဘာသာမဲ့ အကြမ်း ဖက်သမားများက တောင်တက်ကား ဂိတ်အတွင်းသို့ နိုင်ငံတစ်ဝန်း မြန်မာတို့၏ ဝါကျွတ်ကာလမင်္ဂလာရှိသည့် အကြောင်း အရာများကို နိုင်ငံသားအများစုက ပျော်ရွှင်အေးချမ်းစွာ ဆောင်ရွက်နေမှုကို ပျက်စီးစေရန် အကြောင်းမဲ့ အကြမ်းဖက် မှုကို ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်ခဲ့သဖြင့် ဘုရားဖူးပြည်သူ သေဆုံးဒဏ်ရာရချိန် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အများပြည်သူများ၏ အသက်အန္တရာယ် ကာကွယ်ရန်အလို့ငှာ ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများက ၄၀ မမ ဗုံးသီးများ၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း။
(ဃ) ပစ်ခတ်ပြီးချိန်တွင် အကြမ်းဖက်သမား များသည် မော်တော်ယာဉ်ဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ထွက်ခွာချိန်တွင် မော်တော်ယာဉ်ပေါ်မှ အောင်ထူးစံ ကားဂိတ်ကို လက်နက်ငယ်ဖြင့် ထပ်မံ ပစ်ခတ်သွားကြောင်း။
( င ) အကြမ်းဖက်သမားများ အကာအကွယ် ရယူခဲ့သော အဆောက်အဦနှင့် တောင်တက်ကားဂိတ် တည်ရှိရာသို့ ကျည်သွားလမ်းကြောင်းအရ ဘုရားဖူး ယာဉ်၏ နောက်ပိုင်းအနီးရှိ သံထိုင်ခုံ အရှည်၏ နောက်ကျောမှီ၌ ကျည်ဖောက် ဝင်ရာများ၊ ကားပေါ်တက်သည့် စင်လက် ရန်းတိုင်၌ ကျည်ဖောက်ဝင်ရာများ၊ ယာဉ်ရပ်နားထားသည့် ဘေးရှိအုတ်တိုင် များတွင် ကျည်ဖောက်ဝင်ရာများ တွေ့ရှိ ရသဖြင့် အကြမ်းဖက်သမားများက အတွဲ လိုက် စတင်ပစ်ခတ်စဉ် လက်နက်ငယ် ကျည်များ တိုက်ရိုက်ထိမှန်ခဲ့ပြီး ဘုရားဖူး ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဘာသာမဲ့အကြမ်းဖက်သမားများ၏ ရက်စက် ယုတ်မာမှုလုပ်ရပ်ကိုလည်း အဆိုပါ နေရာတစ်ဝိုက်ရှိ လုံခြုံရေးကင်မရာ မှတ်တမ်းများမှ ဖမ်းယူရရှိထားပြီး အထောက်အထားများအရ ယုတ်မာရက်စက်သည့် အကြောင်းမဲ့အကြမ်းဖက်သူများဖြစ်သည့် KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုများ ကြောင့်သာ ဘုရားဖူးပြည်သူများ သေဆုံးဒဏ်ရာ များရရှိခဲ့ခြင်း ဖြစ်သည်။
မြေပြင်အခြေအနေနှင့် ဗုဒ္ဓဘာသာဝင်များ အပါအဝင် အကြမ်းဖက်မှုကို လုံးဝဆန့်ကျင်ကြသည့် မြန်မာနိုင်ငံသားများ၏ ဆိုရှယ်မီဒီယာများမှ ပြောဆိုမှုများအပြင် တိကျခိုင်မာသော အထောက် အထားများအရ နိုင်ငံတော်အစိုးရအနေဖြင့် တရားဝင် သတင်းထုတ်ပြန်ထားသော်လည်း အဆိုပါ သတင်းအပေါ် မျက်ကွယ်ပြုလျက် ငါ့စကားနွားရ ပုံစံဖြင့် မြန်မာနိုင်ငံအပေါ် အဆိုးမြင်ဝါဒီများ၏ လက်ကိုင်တုတ်များဖြစ်သည့် ဗြောင်လိမ်ဗြောင်စား ဧရာဝတီနှင့် ဘီဘီစီ သတင်းဌာနများ၏ မြန်မာပိုင်း အစီစဉ်မှ အဓိပ္ပာယ်မဲ့သော အောက်လုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့များက ဘုရားဖူးများအား ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ခဲ့မှုသည် သတင်းမီဒီယာ ကျင့်ဝတ်အား အရှက်တရားကင်းမဲ့စွာ ချိုးဖောက်ခြင်း ဖြစ်၍ အဆိုပါသတင်းဌာနများကို ဆက်သွယ်ရေး ဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့် လုံခြုံရေးတပ်ဖွဲ့ များအပေါ် မဟုတ်မမှန် အသေရေဖျက်စွပ်စွဲမှု အတွက် တည်ဆဲဥပဒေနှင့် အညီတရားစွဲဆိုဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်