ကိုဗစ်နှင့် ပတ်သက်၍  သွားလာမှုစည်းကမ်းများကိုလည်း တစ်ဦးချင်းလိုက်နာကြရန်လို

လက်ရှိအချိန်တွင် အချို့မြို့နယ်များအား Stay at Home သတ်မှတ်ထားမှုများအား ဖြေလျှော့ပေးပြီး  အချို့လိုအပ်သည့်  မြို့နယ်များ အား သတ်မှတ်မှုများတိုးမြှင့်ဆောင်ရွက်မှု ရှိကြောင်း၊ ကူးစက်မှုများအားသိရှိစေရေးအတွက် စစ်ဆေးမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ထားသည့် SOP များကိုလိုက်နာ၍ နေထိုင်သွားလာ ဆောင်ရွက်ရန်လိုကြောင်း၊  မိမိတို့အနေဖြင့်  ကူးစက်မှု ရာခိုင်နှုန်း ၅ ရာခိုင်နှုန်း အောက်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စတုတ္ထလှိုင်းဖြစ်ပွားလာနိုင်မှုအပေါ် လည်း  ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုဗစ်နှင့် ပတ်သက်၍ လိုက်နာရမည့် သွားလာမှု စည်းကမ်းများကိုလည်း  တစ်ဦးချင်းလိုက်နာကြရန်လိုကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်  ၂၇-၉-၂၀၂၁ ရက်နေ့တွင်   ပြည်ထောင်စုအစိုးရအဖွဲ့  အစည်းအဝေး   အမှတ်စဉ်  (၁/၂၀၂၁)၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)