ကိုဗစ်ကြောင့် ကျောင်းများဖွင့်လှစ်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရတဲ့ ဂျပန်ကျောင်းများ

Type
9999999

 

 

နှင်းမိုးအိမ်

 

ဂျပန်နိုင်ငံတွင် နွေရာသီအားလပ်ရက်ကာလမှာ ပြီးသွားပြီဖြစ်သော် လည်း ကလေးအများအပြားမှာမူ စာသင်ကျောင်းသို့ ပြန်မလာနိုင်သေး ပေ။ 
ကျောင်းဖွင့်ပွဲမကျင်းပရန် ဆုံးဖြတ် 
ကူးစက်မြန် ဗီဇပြောင်းဒယ်လ်တာဗိုင်းရပ်စ်ကြောင့် ကလေးများ စာသင်ခန်းများအတွင်းသို့ပြန်လာနိုင်ရေးမှာ ခက်ခဲရှုပ်ထွေးနေဆဲ ဖြစ်သည်။ တိုကျိုမြို့ ဆီတာဂါရာ ရပ်ကွက်ရှိ နာကာဇာတို မူလတန်း ကျောင်းမှာ စာသင်နှစ် စတိုင်း ကျောင်းသားများသည် ကျောင်းသီချင်း သီဆိုလေ့ရှိကြသည်။ သို့သော်လည်း စက်တင်ဘာ  ၁  ရက်တွင်မူ ကျောင်းသားများမှာ   ငြိမ်သက်စွာထိုင်ရင်းနားထောင်ခဲ့ကြသည်။ ကျောင်းဖွင့်ပွဲအခမ်းအနား   မကျင်းပတော့ရန်   ကျောင်းအုပ်ကြီးက ဆုံးဖြတ်ခဲ့သည်။ 
အွန်လိုင်းမှ သင်ကြားခြင်းကို ရွေးချယ် 
ဂျပန်နိုင်ငံတစ်လွှား အခြားသောကျောင်းများကဲ့သို့ပင် နာကာဇာ တိုကျောင်း၌လည်း စိန်ခေါ်မှုရှိနေသည်။ မြို့တော်နှင့်အခြားသောခရိုင် ၂၀ တို့တွင် ကိုဗစ်-၁၉ ကူးစက်မှုများ များပြားနေပြီး အရေးပေါ်အခြေ အနေကြေညာထားမှုအောက်ရှိနေဆဲဖြစ်သော်လည်း စာသင်ကျောင်း များကို  ပြန်လည်ဖွင့်လှစ်ခဲ့သည်။ တချို့သော  ကျောင်းများကမူ အွန်လိုင်းပေါ်မှ သင်ကြားခြင်းကိုသာ ရွေးချယ်ခဲ့ကြသည်။  
နှစ်ပိုင်းခွဲထား 
အခြားသောကျောင်းများတွင်မူ      ကျောင်းလာတက်သည့် ကျောင်းသားအရေအတွက်လျှော့ချရန်နှင့် ကျောင်းရောက်သည့်အခါ ကျန်းမာရေးအခြေအနေကိုစစ်ဆေးမှုလွယ်ကူစေရန်တို့ကြား ဗျာများ နေရသည်။ နာကာဇာတိုကျောင်းတွင်မူ စာသင်ခန်းများကို နှစ်ပိုင်း ခွဲထားသည်။   ကျောင်းသားတစ်ဝက်ကို    စာသင်ခန်းအတွင်းသို့ လာရောက်သင်ယူစေပြီး ကျန်တစ်ဝက်ကိုမူ  နေအိမ်၌သာ နေစေပြီး အွန်လိုင်းမှတစ်ဆင့်သင်ကြားပေးမှုပြုလုပ်သည်။ နေ့အလိုက် အုပ်စု ခွဲကာတစ်လှည့်စီ ကျောင်းလာရမည့်အုပ်စုနှင့် အိမ်မှာနေ၍ စာသင် ရမည့်အုပ်စုဟု သတ်မှတ်သင်ကြားပေးသည်။
ကူးစက်မှုပုံစံပြောင်းလဲလာ 
 တိုကျိုမြို့တွင် ကျောင်းသားများကြား ကိုဗစ်-၁၉ ကူးစက်မှုမရှိ စေရေးအတွက်  အပိုထပ်ဆောင်း၍  ကြိုတင်ကာကွယ်မှုများလုပ်ဆောင်လာကြသည်။ ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစတင် ကာ ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ ဒသမ ၅ သန်းရှိပြီ ဖြစ်သည်။ ၎င်းတို့ထဲမှ ထက်ဝက်နီးပါးမှာ ဩဂုတ်လတစ်လအတွင်း ကူးစက်ခံရသူများဖြစ်သည်။  ကူးစက်မှုပုံစံမှာ  ပြောင်းလဲလာပြီး  ကလေးများ စာသင်ကျောင်းများ၌ ရောဂါကူးစက်ခံလာရပြီးနောက် ထိုမှတစ်ဆင့်   အိမ်မှာရှိသည့် မိဘများကို   ကူးစက်စေသည်ဟု ဟယိုဂိုခရိုင်  ကိုဘီကလေးဆေးရုံမှ   ဒေါက်တာကာဆိုင်မာဆာရှီ က ပြောသည်။
ကြိုးပမ်းလျက်ရှိ 
 ပြီးခဲ့သည့်တစ်ပတ်အတွင်း အသက် ၂၀ အောက်  ကိုဗစ်-၁၉ ကူးစက်ခံရသည့်အရေအတွက်မှာ ၃၀၀၀၀ အထိရှိခဲ့သည်။ လွန်ခဲ့သည့် တစ်လကနှင့်နှိုင်းယှဉ်လျှင် ၂ ဒသမ ၆ ဆ များပြားလာခြင်းဖြစ်သည်။ ယင်းကူးစက်မှုများကို ကြည့်လျှင် အသက် ၂၀ ဝန်းကျင် အသက်အုပ်စု မှာကူးစက်မှုများ၏ ၂၀ ရာခိုင်နှုန်းရှိသည်ဟု တွေ့လာရသော်လည်း ကျောင်းများ ဆက်လက်ဖွင့်ထားနိုင်ရေးအတွက် အစိုးရက ကြိုးပမ်း လျက်ရှိ သည်။ အစိုးရက ကိုဗစ်-၁၉ ဆေးစစ်ကိရိယာ ၈၀၀၀၀၀ ကို မူကြို၊ မူလတန်းနှင့် အလယ်တန်းကျောင်းများကို ပေးပို့ခဲ့ပြီး အထူး သဖြင့် ဆရာများနှင့် ဝန်ထမ်းများက အသုံးပြုကြသည်။ 
ကာကွယ်ဆေးထိုးရန်အရေးကြီး 
ဆရာများနှင့်ဝန်ထမ်းများ ကာကွယ်ဆေးလျင်မြန်စွာ ထိုးနိုင်ရေး အတွက်လည်း  ဒေသခံအာဏာပိုင်များနှင့်   တက္ကသိုလ်များကို အကူအညီပေးကြရန် တောင်းဆိုခဲ့ကြသည်။ မည်သည့်အချိန်တွင် ကျောင်းပိတ်ရမည် သို့မဟုတ် ယာယီအားဖြင့် တစ်ကျောင်းလုံးပိတ် ရမည်ဆိုသည့်ဆုံးဖြတ်ချက်ချရန် စံနှုန်းသတ်မှတ်ချက်များကိုလည်း ချမှတ်ပေးထားသည်။  ကျန်းမာရေးဝန်ကြီးဌာနမှ   ဖွဲ့စည်းထားသည့် အဖွဲ့မှခေါင်းဆောင်တစ်ဦးဖြစ်သူ ဝါကီတာတာကာဂျီက ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို ဆရာများနှင့် ဝန်ထမ်းများ လိုက်နာရန် ဖြစ်နိုင်လျှင် ကာကွယ်ဆေးထိုးကြရန် အရေးကြီးသည်ဟု ပြောသည်။ 
စိုးရိမ်နေကြ 
 ကိုဗစ်-၁၉ ကူးစက်ခံရမှုများတွင် ကလေးများအများစုပါဝင်လာ သည်ဟု ၎င်းက ဆက်ပြောသည်။ ကလေးများတွင် ကိုဗစ်-၁၉ ကူးစက် နိုင်ခြေရှိမှုမှာ  ယခင်ကထက်ပို၍  များပြားလာသည့်အတွက်  နိုးနိုး ကြားကြားဖြင့် သတိထားကြရန်လိုအပ်သည်ဟုလည်း ၎င်းက ပြော သည်။ ကူးစက်မြန် ဗီဇပြောင်းဒယ်လ်တာဗိုင်းရပ်စ်မှာ ဂျပန်နိုင်ငံတွင် ပျံ့နှံ့နေပြီဖြစ်သည်။  ယင်းဗိုင်းရပ်စ်ကူးစက်မှုကြောင့်   ပိုမိုပြင်းထန် သည့် ရောဂါလက္ခဏာများပြသမည်ကိုလည်း လူအများက စိုးရိမ်နေကြ သည်။ 
လေ့လာခဲ့ကြ 
ထို့ပြင်ကာကွယ်ဆေးများမှာ အသုံးဝင်ခြင်းရှိ မရှိကိုပါ သိလိုလာကြ သည်။ ဂျပန်နိုင်ငံကူးစက်ရောဂါအမျိုးသားအင်စတီကျုက ဒယ်လ်တာ ဗိုင်းရပ်စ်တွင် အများဆုံးတွေ့ရသည့် L452R သန္ဓေပြောင်းခြင်းပျံ့နှံ့မှုကို လေ့လာခဲ့ကြသည်။ တိုကျိုနှင့် အိမ်နီးချင်း ကာနာဂါဝါ၊ ဆိုင်တမာနှင့် ချီဘာခရိုင်တို့တွင် ဒယ်လ်တာတွင် တွေ့ရှိရသည့် သန္ဓေပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု လေ့လာမှုအရသိရသည်။ ကူးစက်မှုနှုန်းမှာ ၉၈ ရာခိုင်နှုန်းရှိသည်။ ဂျပန်နိုင်ငံ၏  အစိတ်အပိုင်း တော်တော်များများတွင် လည်း ဗီဇပြောင်းဒယ်လ်တာကူးစက်မှုကို တွေ့ရသည်။ 
ကူးစက်မှုမြန်ဆန် 
အိုဆာကာ၊ ကျိုတိုနှင့် ဟယိုဂိုခရိုင်တို့တွင် ကူးစက်မှု၏ ၉၂ ရာခိုင် နှုန်းမှာ ဒယ်လ်တာကြောင့်ဖြစ်သည်။ ဗီဇပြောင်းဒယ်လ်တာမှာ ဗြိတိန် တွင် ပထမဆုံးတွေ့ရှိရသည့်   ဗီဇပြောင်း အယ်လ်ဖာထက်ပိုပြီး ကူးစက်မှုမြန်ဆန်သည်။ မူရင်းဗိုင်းရပ်စ်ထက်  နှစ်ဆပိုပြီး ကူးစက်မှု များပြားသည်ဟု ဂျပန်နိုင်ငံနှင့် အခြားသောနိုင်ငံများ၏ လေ့လာမှုအရ သိရသည်။ ဗီဇပြောင်း အယ်လ်ဖာထက်မူ ကူးစက်မှု ၁ ဒသမ ၅ဆ ပိုမြန်သည်။ ယခုအချိန်အထိ ဒယ်လ်တာဗိုင်းရပ်စ်မှာ ပိုမိုပြင်းထန်သည့် ရောဂါလက္ခဏာဖြစ်စေခြင်းရှိမရှိကို တိကျသည့် အဖြေမရသေးပေ။ 
ဆေးရုံတက်ရသူများပြား 
တစ်ကမ္ဘာလုံးအနှံ့  လေ့လာမှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏  ပြောကြားချက်အရ ဆေးရုံ တက်ရသည့်နှုန်းမှာ များပြားလာသည်ဟု ဆိုသည်။ ကာကွယ်ဆေး သည် ဒယ်လ်တာဗိုင်းရပ်စ်ကို  ခုခံကာကွယ်ပေးသည့်  ပဋိပစ္စည်း အထွက်နည်းကြောင်း  ဓာတ်ခွဲခန်းစမ်းသပ်မှုများက ပြသလျက်ရှိသည် ဟု ဇူလိုင်၂၇ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏  ထုတ်ပြန်ချက်အရ သိရသည်။ 
ကာကွယ်ဆေး၏ အကျိုးသက်ရောက်မှု 
သို့သော်လည်း ယင်းအချက်ကြောင့် ကာကွယ်ဆေးမှာ အကျိုးသက်ရောက်မှုနည်းသည်ဟုမဆိုနိုင်ပေ။ လက်ရှိ  ကာကွယ်ဆေးများ မှာ အစွမ်းထက်မှုများပြားသည်ကို သက်သေပြလျက်ရှိသည်။ ဖိုက်ဇာ ကာကွယ်ဆေးတစ်ကြိမ်  ထိုးပြီးနောက်   ဒယ်လ်တာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မှု ၃၅ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု   ဩဂုတ်လ အတွင်း  ထုတ်ဝေထားသော  နယူးအင်္ဂလန်   ဆေးဂျာနယ်တွင်  ဖော်ပြထားသည်။ ဒယ်လ်တာဗိုင်းရပ်စ်သည်   ဒုတိယအကြိမ်   ကာကွယ်ဆေးထိုးပြီးပါက  ၈၈  ဒသမ  ၀  ရာခိုင်နှုန်း   ကာကွယ်ပေး နိုင်သည်ဟု  သိရသည်။      ။
ကိုးကား
အင်န်အိတ်ချ်ကေ