ကိုဗစ် - ၁၉ ရန်ပုံငွေမှ ထုတ်ပေးမည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအတွက် ချေးငွေလျှောက်ထားမည့်ရက် တိုးမြှင့်ပေး

 

နေပြည်တော်   နိုဝင်ဘာ   ၁၇     -   ကိုဗစ်-၁၉ကြောင့်  ထိခိုက်မှုရှိနေသည့်  ရုပ်ရှင်၊  ဂီတ၊  သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား  ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးရေးအတွက် လျှောက်လွှာများကို အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ လက်ခံမည် ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားရှိရာ အဆိုပါချေးငွေလျှောက်လွှာများကို  ဒီဇင်ဘာ ၃ ရက်အထိ အစိုးရရုံးပိတ်ရက်များတွင် ရုံးချိန်အတွင်း ဆက်လက် လက်ခံခွင့်ပြုလိုက်ကြောင်း သိရှိရသည်။                                           

သတင်းစဉ်