ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၂၇


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်   ကိုဗစ်-၁၉  ရောဂါကာကွယ်၊ ထိန်းချုပ်၊  ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာ မှုမရှိ   တင်သွင်းနိုင်ရေးအတွက်   အချိန်နှင့် တစ်ပြေးညီ      စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ  ယနေ့တွင်   ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ကုမ္ပဏီ တစ်ခု၊ ယာဉ်စီးရေ နှစ်စီးဖြင့် Mask  (၁၀) တန်   တင်သွင်းခဲ့ကြောင်း   သိရ သည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ  ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိ ကြောင်းနှင့်  ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့်    အသိပေး ကြေညာချက်များကိုလည်း          အများပြည်သူ သိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး     စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 

သတင်းစဉ်