ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ  ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော်   နိုဝင်ဘာ   ၂၂ 
စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန  အနေဖြင့် ကိုဗစ်-၁၉  ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊     ကုသရေးဆိုင်ရာ ပစ္စည်းများကို       လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာ မှုမရှိ  တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ      စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း    နှစ်ခုတို့မှ တင်သွင်းရာ၌    ကုမ္ပဏီသုံးခုမှ ယာဉ်လေးစီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀၊ လုပ်ငန်းသုံး အောက်ဆီ ဂျင်စက်တစ်ခုနှင့် နှာခေါင်းစည်း (Mask) ၁၃ တန်တို့ကို တင်သွင်းခဲ့ သည်။ အောက်ဆီဂျင် (အရည်)  Bowser   ယာဉ်တစ်စီးမှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။ 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို  သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်   SOP များနှင့် အညီ  ဦးစားပေး   တင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး  နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်းအများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။  သတင်းစဉ်