ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ   ၂၄


အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး  ပစ္စည်းများအား  ‌ရေကြောင်း၊   ဆိပ်ကမ်းအသီးသီးမှ   နေ့စဉ်လွယ်ကူ ချောမွေ့စွာ  စစ်ဆေးထုတ်ပေးလျက်ရှိရာ နိုဝင်ဘာ  ၂၄  ရက်၌  ရန်ကုန်ဆိပ်ကမ်းများမှ  Face  Mask ၂၂၅၀၀၀၊ Oxygen  Booster Pump ရှစ်ခု၊ Pluse Oximeter ၅၀၀၀၊ Oxygen Cylinder ၃၀၀၊ Oxygen  Regulator ၁၀၀၀၊ Oxygen Plant နှစ်ခု၊ Digital Thermometer  ၂၀၁၀၀၊ ဆေးဝါးမျိုးစုံ ၈၀ မျိုး၊ စုစုပေါင်း  (၃၈၈၆၄၉  ဒသမ  ၆၅)  Kg   တို့အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်